[ Complete ] - 34

5.8K 312 64
                                    

ပန်းနုရောင် ရေဆေးချယ်ထားသော နံရံလေးတွေမှာ
ကလေးဆန်ဆန်ရေးဆွဲထားသော နံရံပန်းချီလေးတွေဖြင့်
အရမ်းကိုချစ်စရာကောင်းနေသော Cake ဆိုင်လေးက
တော့ သိပ်ကိုကြီးကျယ်ခန်းနားလှသည်မဟုတ်ပဲ ခပ်သေး
သေး ဆိုင်ခန်းလေးတစ်ခုဖြစ်သည်… အဖြူရောင်ခုံအဝိုင်း
လေးတွေရဲ့ အပေါ်မှာ အနီရင့်ရောင် နှင်းဆီပန်းလေးတစ်
ပွင့်ကို အကြည်ရောင်ဖန်အိုးလေးဖြင့်ထည့်ထားပြီး
အောက်ခြေမှာတော့ ရောင်စုံ Crystal လေးတွေကို
ထည့်ထားသည် …

အရောင်စုံလှသော နံရံပန်းချီလေးတွေကို ရေးဆွဲထား
သော ပန်းချီဆရာလေးကတော့ အဝါရောင်ကျောင်းဝတ်စုံ
လေးဝတ်ပြီး ဆိုင်ရဲ့ထောင့်ဆုံး စားပွဲမှာထိုင်နေလေရဲ့ …

Mame လုပ်တဲ့ Cake ကလွဲပြီး အခြား Cake တွေအ
ရသာမရှိဘူးလို့ ပြောတတ်သော ဝက်လုံးလေးကတော့
ညနေ 6:00 ထိုးအတိ အိမ်ပြန်ချိန်ကို 4:30 ကျောင်း
ကားလေး သူ့ကိုလာပို့သွားထဲက စိတ်မရှည်စွာစောင့်နေ
သည် …  …

ိ1 မိနစ်

2 မိနစ်

3 မိနစ်

"   Mame  6:00 ထိုးပြီ   "

အသံသေးသေးလေးနဲ့ လှမ်းအော်ပြီးပြောသော ကလေး
လေးကြောင့် Kyungsooဟာသူ့ရဲ့လုပ်လက်စ Cake
ကို အပြီးသပ်လိုက်ပြီး … စိတ်တိုင်းမကျဖြစ်နေသော
Chanyi လေးရဲ့ပါးကို ခပ်ဖွဖွလေး နမ်းလိုက်ကာ …

"   Papa မလာသေးဘူးလေ . ဘုံလေး ကလိမ္မာတယ်မ
ဟုတ်လား ? ခဏလောက်စောင့်ရအောင်နော်   "

"    ဟွန်း … Papa ကအမြဲနောက်ကျတယ်   "

"  Papa က ဆေးခန်း  မှာအလုပ်တွေများပြီးပင်ပန်း
နေတာလေ … Papa လာလို့ ဘုံလေးက အခုလို စူပုတ်
နေတာမြင်ရင် စိတ်မကောင်းဖြစ်လိမ့်မယ် … papa ကို
စိတ်မကောင်းဖြစ်စေချင်လို့လား ?   "

"   ဟင့်အင်း …  "

"    ဘုံလေးက လိမ္မာလိုက်တာ … ဒီအပတ်ကျောင်းပိတ်
ရင် ကစားကွင်းသွားချင်လား ?  "

"    Mame ကပြောလိုက်ရင် အဲ့လိုပဲ ဘုံလေးကို လိုက်
လဲမပို့ဘူး   "

Kyungsoo အနေနဲ့ ဆိုင်ကိုဦးစားပေးလွန်းနေတာ သူ့
ကိုယ်သူလည်းသိပါတယ်… အရင်လကဆို ဘုံလေး မူကြို
မှာ အခြားကလေးတွေနဲ့ အရောမဝင်ပဲ သီးခြားဖြစ်နေတဲ့
အကြောင်းကို ဆရာမဖုန်းဆက်ပြီးပြောလို့ အရင်က
လောက် ပစ်မထားတော့ပေမဲ့ … သူ့အနေနဲ့ ကလေးကို
ပိုပြီးဂရုစိုက်ဖို့ လိုအပ်မှန်းနားလည်ပါတယ်… လွန်ခဲ့သော
5 နှစ် ဘုံလေး မွေးကထဲက Mr . park ကသူ့မြေးကို
Share တစ်ဝက်လွဲပေးခဲ့ပြီး အဲ့လုပ်ငန်းတွေကို Yeol
တစ်ယောက်ဆေးခန်းတစ်ဖက်နဲ့တွဲလုပ်နေရသည် ……
သူကလည်း ဆိုင်လေးက ပိုပြီးလူသိများလာတာကြောင့်
Order တွေတစ်နေ့ထက်တစ်နေ့များသထက်များလာ
ပြီး … ကလေးဘက်ကို ဂရုမစိုက်နိုင်ဘူးဖြစ်နေခဲ့သည် !!

Life & DutyWhere stories live. Discover now