အခန်း - ၃၀

3.2K 253 16
                                    

Kyungsoo သည်မနက်မိုးလင်းပြီဆိုထဲက Mrs Do
ရဲ့တိုက်ခန်းကိုရောက်နေခဲ့သည် ပြီးတော့ သူအစ်မရော
ပေါ့ … နှစ်ယောက်စလုံးဟာ Soo အားထူးဆန်းစွာကြည့်
နေကြပြီး မနက်ထဲက သူတို့နှစ်ယောက်အား ph ကြို
ဆက်ကာ အရေးကြီးကိစ္စပြောစရာရှိသည်ဟုပြောသော
Kyungsoo ရဲ့စကားကို နားထောင်ရန်အဆင်သင့်ဖြစ်
နေကြသည် …

Kyungsoo တို့မိသားစုဟာ တကွဲတပြားဆီဖြစ်နေတာ
များပြီး Mrs Do Hee သည်လည်း သူမရဲ့ပရဟိတအ
လုပ်ဖြင့်သာ အလုပ်များနေတတ်ပြီး … Do Jihun ဆို
သည်မှာလည်း ဆေးရုံတစ်ခုထဲပေမဲ့ဘယ်တော့မှမတွေ့
ဖြစ်ကြ…Kyungsoo လက်ထပ်ခဲ့တဲ့အချိန်ထဲက soo
ဟာအမြဲတမ်း သူ့မိသားစုသဘောမကျတဲ့ အိမ်ထောင်
ရေးတစ်ခုကြောင့် Mrs Do Hee ဆီကို 5လနေလို့
တစ်ခေါက်မရောက်ဖြစ်ခဲ့သလို . ph ပင်မဆက်ခဲ့ပါ !!
အမြဲတမ်းပြောနေတဲ့ အပစ်တင်မှုတွေကိုလည်း နား
ထောင်ရတာ သူအင်အားမရှိတော့တာ ဖြစ်ပါလိမ့်မည် …

သို့ပေမဲ့ ဒီနေ့ဟာတော့ သူတို့မိသားစုတွေအစုံကို ပြန်
တွေ့နေရသလိုဖြစ်ပေမဲ့ … အေးခဲနေသော ဆက်ဆံရေး
တစ်ခုသည် ပျော်ရွှင်မှုတော့ ပါဝင်မနေခဲ့ပါ ……

"   ဘာပြောစရာရှိလို့လဲ ? Kyungsoo   "

Do jihun သည်စိတ်မရှည်သော လေသံဖြင့် kyung
soo အားမေးလိုက်သည် … Soo ဟာ သက်ပြင်းကိုခပ်
ဖွဖွချရင်း သူ့နှုတ်ကထွက်မဲ့စကားတစ်လုံးအား အရှိန်ယူ
လျက်ရှိပြီး သူဟာအရမ်းကို ကြိုးစားနေရပုံပေါ်သည် …

"   ကျွန်တော် … ကလေးယူမလို့  "

ခွမ်း …… အပ်ကွဲသွားသောကြွေဖန်ခွက်လေးနှင့်အတူ
DO Hee သည် တောက်တစ်ချက်ကို ပြင်းထန်စွာခေါက်
လိုက်ပြီး သူမသားရဲ့မျက်နှာကို နာကျည်းစွာကြည့်နေခဲ့
သည် … ထို့အတူ Jihun သည်လည်းအရမ်းကိုထိတ်
လန့်နေလျက်ရှိပြီး သူမဟာ Kyungsoo အားထိတ်
လန့်စရာကောင်းသောအကြည့်ဖြင့် ငေးမောနေလျက် …

"   နင်ရူးနေတာလား ?   "

"    ကျွန်တော်မရူးပါဘူး ! noona လည်းသိမှာမှာ အခု
ခေတ်က အားလုံးအဆင်ပြေနေပြီလေ   "

"   အဲ့ဒါက အသက်အာမခံချက်မရှိဘူးဆိုတာရော နင်သိ
ရဲ့လား ?  ငါလုံးဝသဘောမတူဘူး !!!Do Kyungsoo
မိသားစုကို သိက္ခာချတာ အားမရသေးဘူးလား ?   "

Life & DutyWhere stories live. Discover now