14 - Unicode

959 57 1
                                    

Kyungsoo Operation Room ထဲကထွက်
လာတော့ နေ့လယ် 3:00 ကျော်နေပြီ သူဟာ နောက်
ထပ်အချိန်စရင်းတစ်ခုအား လှန်ကြည့်လိုက်တော့ 6:00
မှာ သွေးအကျိတ်လူနာကို ဓာတ်ရောင်ခြည်ဖြင့်ကုဖို့
ဓာတ်ရောင်ခြည်ခန်းကို သွားရမည် ဒါပေမဲ့ ဒီကိစ္စကတော့
Min Jung အား လွဲပေးခဲ့လို့ရသည် … ထို့ကြောင့်
သူ့အခန်းကိုပြန်လာကာ အညိုရောင်ကုတ်အကျီင်္အား
ထပ်ဝတ်လိုက်ကာ အပြင်ထွက်ဖို့ပြင်လိုက်သည် …

အိမ်တော့ပြန်မလာပဲဖျားမှသူ့ကို သတိရသော ယောကျ်ား
သည် အတော်လေးကို စေသနာထားချင်စရာကောင်းလှ
သည် … Kyungsoo ဟာ သူသေချာမအိပ်ရတာ 4
ညနီပါးရှိပြီ Night Duty နဲ့ သူရဲ့အလုပ်ကြွေးတွေဆပ်
လိုက်ရတာ ဒီနေ့မနက်မှပဲ အကုန်ပြီးတော့သည် …

ဒါကြောင့်သူကိုယ်တိုင်လည်း နေသိပ်မကောင်းပါ ဒီနေ့
ခွဲစိတ်ရတာတောင်ခေါင်းထဲမူးနှောက်မူးနှောက်ဖြစ်နေ
တာကြောင့်မနည်း သတိထားနေရသေးသည် … အခု
Chen ကလည်းသူ့ကိုလုံးဝပင်မကူညီပါ  သူဆိုသည်
မှာလည်း ကိုယ့်အမှားဆိုတာသိရင်တောင် စတင်၍
စကားမစသောလူမျိုးဖြစ်သည် … ဒါကြောင့် Kyung
soo ဟာဘယ်အလုပ်မျိုးမဆို သူကိုယ်တိုင်သာလုပ်
နေရသည် … ဒါကလည်း Chen ကလွဲရင် သူစိတ်
တိုင်းကျတဲ့လူတစ်ယောက်မှမရှိလို့ မခိုင်းတာလည်းပါ
သည် … သူနဲ့အနီးကပ်နေသော Min Jung တောင်
Kyungsoo ဟာ စိတ်တိုင်းမကျပါ  ကျန်တဲ့လူဆို
ပြောမနေနဲ့တော့ ……… အလွန်ဂျီးများလှသော
professior Do ဟာလူတိုင်းဖြင့်မတည့်တာ အဆန်း
တော့ဟုတ်မည်မထင် …

Soo ဟာ သူ့ကားကိုအမြန်မောင်းကာ SKY Hotel
ကိုထွက်လာသည် … သူဟာတကယ်ဆို Yeol ကိုဖြစ်
ချင်တာဖြစ်ဆိုပြီးပစ်ထားလိုက်ချင်တယ် သို့သော် သူဟာ
Yeol နဲ့လက်ထပ်ထားတဲ့လူတစ်ယောက်ဖြစ်ပြန်သည်
Yeol ဖြစ်သမျှအားလုံးဟာ သူ့ဆီကိုသတ်ရောက်မှုရှိ
သည် … တာဝန်တစ်ခုဆိုလည်း ဟုတ်တယ် … လုပ်
ပေးသင့်တယ်ဆိုတဲ့ သိတတ်မှုဆိုလည်းဟုတ်တယ် …
Yeol တစ်ခုခုဖြစ်ပါက သူလက်ညိုးထိုးမခံချင်လို့လည်း
ဟုတ်သည် … နောက်တစ်ခုကတော့ သူကိုယ်တိုင်ပစ်မ
ထားနိုင်လို့လားပါတာပေါ့ .

တီတောင်  …………   တီတောင်  …………

သုံးလေးငါးခါ တီးတော့မှာ ပွင့်လာသောတံခါးနှင့်အတူ
သူ့ပခုံပေါ်ယိုင်ထိုးကာကျလာသော ခန္ဓာကိုယ်ကြီးထဲ
Kyungsoo တစ်ယောက်သူပါလဲကျမလိုဖြစ်သွား
ကာ Yeol ခန္ဓာကိုယ်အား မနည်းပြန်ထိန်းလိုက်ရသည်

Life & DutyWhere stories live. Discover now