21 - Unicode

870 49 0
                                    

ညနေ 4:00 ကျော်မှပြန်ရောက်လာသော လူအုပ်ကြီး
သည် ရွာခံများဖြင့်သွားခြင်းကြောင့် အတော်လေးကို နှံ့
စပ်အောင်ရောက်ခဲ့ကြောင်း စမြုတ်ပြန်ကာ တစ်ယောက်
နှင့်တစ်ယောက်ပြောနေသည် … ဒါကို လူဂွဇာ Kyung
Soo တစ်ယောက်ကတော့ အများနှင့်မသက်ဆိုင်သော
လူအဖြစ် အိမ်အပြင်ဘက်ကိုထွက်သွားကာ ပတ်ဝန်းကျင်
နား ဟိုကြည့်လိုက်ဒီကြည့်လိုက်ဖြင့် …

သူတို့တည်းတဲ့အိမ်ဟာ ရွာရဲ့သီခြားနေရာမှာဆောက်ထား
ပြီး ပတ်ပတ်လည်မှာ စပါးခင်းတွေနှင့် သက်တမ်းရင့်နေ
သော သစ်ပင်ကြီးများရှိနေသည် … ညနေ 4:00 ခွဲခါ
နီးသာရှိသေးပေမဲ့ နေမင်းဟာတော့ အနောက်အရပ်မှာ
ပျောက်ကွယ်လုနီးပါးဖြစ်နေကာ  နေ့အလင်းရောင်သည်
အုပ်မှိုင်မှိုင်းဖြင့် … Kyungsoo က မနက်ကသူရိုက်
လာသော ပုံများကို သစ်ပင်ကြီးရဲ့ ကိုင်းနှိမ့်နှိမ့်တစ်ခုမှာ
ထိုင်ရင်း ပြန်ကြည့်နေသည် …

Min Jung ၏ ဓာတ်ပုံစွမ်းရည်ဟာ အတော်လေးကို
ကကျိုးကကြောင်ဆန်လှသည်  ဒါကြောင့်လည်း ဟို
ကလေးမလေးက ပြောတာနည်းတောင်နည်းသေးသည်
Soo ခမျာ သူ့ရဲ့လက်ထောက် ရိုက်ပေးခဲ့သမျှပုံတွေအား
ပြန်ဖျက်နေရတာ အလုပ်တစ်ခုပင် …

Yeol တစ်ယောက် Kyungsoo အားလိုက်ရှာရင်းမှ
နောက်ဆုံးတွင် ကင်မရာတစ်လုံးဖြင့်အလုပ်ရှုပ်နေသော
သူ့Honey ကို အိမ်နှင့်ခပ်လှမ်းလှမ်းက သစ်ပင်ပေါ်
တွင်တွေ့တော့သည် … သစ်ပင်ကြီးဟာ အရမ်းကိုကြီး
မားလှပြီး  လူသုံးယောက်ပိုက်လောက်ပင်စည်ထုထည်ရှိ
ကာ သိပ်တော့မမြင့်မားကာ ခပ်ပုပု ဖြစ်သည်  ကြည့်ရ
တာ ညောင်မုတ်ဆိတ် အပင်မျိုးဖြစ်ပေမဲ့ ဟုတ်လားမ
ဟုတ်လား မသေချာ … Yeol လို Seoul မှာနေတဲ့လူ
က တိုက်တွေနှင့်သာ အကျွမ်းတဝင်ရှိမှာပေါ့ …

"   ကိုယ့်မှာရှာလိုက်ရတာ … ဘာလို့တစ်ယောက်ထဲ
လျှောက်သွားနေတာလဲ ?   "

"  ငါက ကလေးမှမဟုတ်တာ ~ ပြီးတော့ ဟိုအိမ်နဲ့လည်း
သိပ်မဝေးပါဘူး   "

Yeol တစ်ယောက် Kyungsoo အနားမှာထိုင်လိုက်
ကာ Soo လက်ထဲက ကင်မရာအား ကြည့်လိုက်သည်…
Kyungsoo ကတော့ Min Jung ၏ လက်ရာ တစ်
ပိုင်းတစ်စပုံများအား ဖျက်ပစ်နေကာ …

Life & DutyWhere stories live. Discover now