အခန်း - ၃၁

3.6K 276 36
                                    

သူဆေးရုံမရောက်ဖြစ်တဲ့ 3ရက်လုံး အိမ်ထဲကအိမ်မပြင်မ
ထွက်ဖြစ်ခဲ့ပေမဲ့ ။ သောကြာနေ့ရဲ့မနက်ခင်းမှာတော့
Kyungsoo ဟာ Yeol နဲ့အတူ ဆေးရုံကိုရောက်လာ
ခဲ့သည် … ဘာလို့ဆို ဦးနှောက်ဌာနဘက်မှာ Kyung
soo ရုတ်တရက်မရှိတာကြောင့် ပြသနာပေါင်းသောင်း
ခြောက်ထောင်ဖြင့် ပြသနာဖြစ်နေခြင်းကြောင့်ဖြစ်ပြီး အခု
ထိသူ့နေရာကို အစားထိုးမည့်လူက ရောက်မလာသေး
ခြင်းကြောင့်လည်းဖြစ်သည် ………

ဖြစ်နိုင်တယ် ထိုနေရာကို ခြေဦးပင်မလှည့်ချင်တော့သလို
ပြန်လိုချင်တဲ့နောင်တတို့လည်း မခံစားချင်ခဲ့ပါ … သို့
သော် တာဝန်တစ်ခုအနေဖြင့် ပြန်လာရဦးမည် !! အခုဆို
သူအလုပ်ထွက်တဲ့အကြောင်းကို GL က ဆရာဝန်အကုန်
လုံးလိုလိုဟာ သိနေကြပြီး ဘာလို့လဲဟူသော မေးခွန်းများ
နှင့်အတူ ပေါက်ကရအဖြေများပါ ရှိနေပြန်သည် .

အရင်ကသိက္ခာတရားကြောင့်ဖြုတ်ချထားခဲ့ရသော လက်
တွေအား အခုအချိန်မှာတော့ တင်းကျပ်စွာဆုတ်ကိုင်ရင်း
ဆေးရုံစင်္ကြန်လမ်းအတွင်း ကြောက်ရွံနေသောစိတ်တို့ကို
ထိန်းချုပ်ရင်း ပျော်ရွှင်နေသော လူတစ်ယောက်ပမှာ ……
တီးတိုးပြောနေသော စကားသံတွေကိုလစ်လှူရှုရင်း ထိုသူ
လက်အားကိုင်ဆွဲထားသော ကျွန်တော်ဟာ သူတို့အ
တွက် အပိုလုပ်အရွဲ့တိုက်နေသော လူတစ်ယောက်အဖြစ်
ရှိနေလိမ့်မည် !!! မည်သို့ပင်ဆိုစေ ကျွန်တော်ဟာ GL
ကဆရာဝန်တစ်ယောက်မဟုတ်တော့တဲ့အတွက် ဆေးရုံ
သိက္ခာထိန်းပေးစရာလိုသည်လည်းမထင်သလို …
Darling လက်ကိုကိုင်ထာရုံဖြင့်လည်း တန်ဖိုးကျသွား
သည်ဟုမထင်ခဲ့ပါ ………

ဒီနေ့ဟာ ကျွန်တော်တို့နှစ်ယောက်အတွက် GL ကို
နောက်ဆုံးလာတဲ့နေ့ဖြစ်နေပါလိမ့်မည် …… Darling
ကျွန်တော့်ဌာနကိုလိုက်ပို့ပြီး တစ်နေရာသို့ထွက်သွား
သည်  ကြည့်ရတာ အလုပ်ထွက်စာအတွက် အလုပ်ရှုပ်ဦး
မည်ထင်ပါ့ ……… ကျွန်တော့် Brain ဌာနမှလူတွေက
တော့ ကျွန်တော်လာတော့ အံ့သြနေကြပြီး ပျော်ရွှင်နေ
သည် ။

ကလေးတစ်ယောက်လို ဖက်တွယ်နေသော MinJung
ကတော့ သူ့ဆရာအပေါ်ခွတက်မတတ်ဖြစ်နေပြီး ငိုမဲ့ငိုမဲ့
ဖြင့် …

Life & DutyWhere stories live. Discover now