3 - Unicode

1.2K 88 1
                                    

"   အပိုတွေလုပ်မနေနဲ့ မင်းမသေနိုင်ပါဘူး   "

Yeol ဟာ Over Action တွေလုပ်ရင်း သူ့လက်
ကိုမကာ လက်ကျိုးသွားသည့်အလား Kyungsoo
အရှေ့မှာ သူ့လက်ဖျံက အကွင်းလိုက်သွေးစို့နေသော
ဒဏ်ရာကို မြင်သာအောင်ပြနေသလိုပင် .

"   တကယ်လို့ ဒီဒဏ်ရာကို သူများတွေမြင်ရင် ဘယ်လို
ပြောရပါ့မလဲ ?  မနက်ဖြန်ခွဲစိတ်ခန်းဝင်ရမှာ ဓားတောင်
ကိုင်နိုင်ပါ့မလား ? TT "

$ ပို :)

သနားစရာ ဒဏ်ရာလေးက သွေးစက်လေးကို Yeolဟာ
ဖျစ်ညှစ်ထုတ်ရင်း သူ့လက်ဖျံကျောတွေပေါက်ထွက်မ
တက်ထောင်မက်နေတဲ့နောက်ဆုံးမှာတော့ သွေးစက်
လေးဟာ ဘေးကိုစီးကျသွားသည် .… ဒါကို Soo ရှေ့
တပြပြဖြင့် သနားစရာ Pappy လေးတစ်ကောင်လို
မျက်နှာငယ်လေးဖြင့် .  ထိုမြင်ကွင်းသာ အခြားလူတွေမြင်
ပါက 7 ရက်လောက်ထမင်းမစားနိုင်ဖြစ်မည်ဆိုတာ သေ
ချာသည် …

"   သွေးတွေစီးကျလာပြီ  Honey  TT  "

"  -_-   "

Kyungsoo တစ်ယောက်နောက်ဆုံးခံနိုင်ရည်စွမ်းကုန်
သွားသည့်အလား သူခုဏက စားထားသော ထမင်းတွေ
လည်ပင်းထဲပျို့တက်လာကာ ထိုမြင်ကွင်းကို ထပ်ပင်မ
ကြည့်ချင်တော့ပါ ။ ဒါကြောင့် Kyungsoo ဟာ ခေါင်း
တခါခါဖြင့် သူ့နှုတ်ခမ်းကို မဲ့ရွဲ့ရင်း နားနေခန်းထဲက
ထွက်သွားသည် ………

*  ငါ အရမ်း ပိုသွားလို့လား ? -_-   ဘာလို့လဲ ဒီလောက်
ချစ်ဖို့ကောင်းတာကို :) *

***********************

ဒီနေ့နောက်ဆုံးခွဲလူနာ အပြီးမှာ Yeol ဟာ ဆေးရုံအရှေ့
မှာ ရပ်ရင်း GL ထဲက ထွက်လာသမျှ သူ့ကိုလာနှုတ်
ဆက်တဲ့လူတိုင်းအား စက်ရုံကြီးတစ်ရုပ်လို ပြုံးပြနေသည်
Professior တစ်ယောက်အဖက်လုပ်ကာ အပြုံးပြခံ
လိုက်ရသော အလုပ်သင်ဆရာဝန်မလေးတွေကတော့
ထိုခဏလေးတင် အိမ်မက်ထဲက ရွှေမင်းသားလေးကို ရှာ
တွေ့သွားကြတော့သည် .

"   ဆရာ !  မပြန်သေးဘူးလား   "

Yeol ရဲ့လက်ထောက်ဆရာဝန်မလေး jiho က သူမရဲ့
ဆရာကိုတွေ့တော့ အပြေးလေးဘေးနားရောက်လာကာ
ပြာပြာသလဲဖြင့်မေးသည် … Yeol နဲ့ သူမဟာ ဒီနေ့
တစ်ရက်ပဲ အတူတူ လုပ်ရသေးတယ်ဆိုပေမဲ့ သဘော
ထားကောင်းကာ သူမ ကိုစိတ်ရှည်ရှည်ဖြင့် သင်ပြပေး
သော Yeol ကြောင့် Jiho ဟာ အတော်လေးကိုပျော်
ရွှင်နေသည် !  ဒါတင်ဘယ်ကမလဲ အရင်ကသူမကို အ
ထင်သေးနေတဲ့ အပေါင်းအသင်းများကပါ Yeol ရဲ့လက်
ထောက်ဖြစ်လာ၍ အားကျ မနာလိုစွာ ကြည့်လာကြပြန်
သည် …

Life & DutyWhere stories live. Discover now