"ဟုတ်တယ်... သူ့အဆက်ဟောင်းနဲ့ သူ့ယောကျာ်းမသိအောင် စာတွေ အပြန်အလှန်ပေးနေကြတာပဲ..."
ထိုအခါ ကောင်လေးက အစ်မကို ဝင်မေးလိုက်သည်..
"အစ်မက ဘယ်လိုသိတာလဲဟင်.. "
အစ်မက ပြင်ထားသော ဝမ်းတို့ဟူး နှစ်ပန်းကန်ကို ချပေးကာ.. မုန်ညင်းချဉ်ခွက် ပြင်နေရင်း ပြန်ဖြေသည်..
"အစ်မတို့ ဆိုင်ဆီ တစ်ခေါက်က လာစားတယ်လေ.. အဲ့မှာပဲသူပြောတာကြားတာ.. ဟို သုတကိုလေ.. သူ့ရဲ့စာကို ကိုအေးမောင်ကို သေချာပေးပါ.. သူမဟုတ်ရင် ဘယ်သူ့လက်ထဲကိုမှ ထည့်မပေးနဲ့.. ကိုအေးမောင်ရဲ့ လက်ထဲကိုပဲ သေချာ ထည့်ပေးပါတဲ့..
အေးမောင်ဆိုတာ သူ ကြည်မင်းနဲ့ လက်မထပ်ခင်က သူ့ချစ်သူပဲ.. ကျွန်မနဲ့ ပိုးကြည်ဖြူက သူငယ်ချင်းတွေဆိုတော့ သိတာပေါ့..
သူက အေးမောင်ကို အရမ်းချစ်ခဲ့တာ... လက်ထပ်ဖို့အထိ ရည်ရွယ်ထားပြီးမှ အေးမောင်က ရွှေတွင်းသွားလုပ်တယ်..
အဲ့ကြားမှာ သူ ကြည်မင်းက ပိုးကြည်ဖြူကို ကားတင်ခိုးပြေးသွားတာပဲ..အခုတော့ အေးမောင်လည်း ပြန်လာပြီ.. ကြည်မင်းကလည်း တစ်နေ့တစ်နေ့ မူးရူးနေသော ပြန်တွဲကြတာ နေမှာပေါ့.. "
"အေးမောင်ဆိုတာက ဒီရပ်ကွက်ထဲမှာပဲ နေတာလား အစ်မ.. "
ရောင်နေဦးက ဝမ်းတို့ဟူးပျော့ကို ပါးစပ်ထဲ သွင်းလိုက်ရင်း မေးလိုက်သည်...
"ဟုတ်တယ်.. ဟို နှစ်လမ်းကျော်လေးပဲ.. "
စစ်နိုင်းက ဝင်မေးလိုက်သည်..
"အစ်မ.. အရင်တစ်ခါက သူ လမ်းထိပ်က နည်းနည်းအနေတဲ့ ကောင်လေးနဲ့ ဒီကို လာစားသေးတယ်ဆို.. "
ဆိုင်ရှင်အစ်မ ထိုင်ခုံပေါ်ထိုင်ချလိုက်ကာ ပြန်ဖြေသည်..
"အင်းလေ.. ကျွန်မ ခဏကပြောတာ အဲ့တာပဲ.. သူနဲ့ အေးမောင်ရဲ့ စာကို အပို့အပြန် လုပ်ပေးရတဲ့ အဲ့ကောင်လေးပဲပေါ့.. သုတ.. "
YOU ARE READING
When You Fall In Love With A Law Student [Completed]
Mystery / ThrillerBlack-eyed Susan ဆိုတဲ့ ပန်းရဲ့ အဓိပ္ပါယ်ကို သိလား စုံထောက်ကြီး... Black-eyed Susan ပန်းဟာ တရားမျှတမှုကို ကိုယ်စားပြုတယ်တဲ့.. သူ့ကို Flower of justice လို့လည်း ပြောကြတယ်.. Lustitia လို့ ခေါ်တဲ့ Lady of justice လိုပေါ့.. Story by #Hayden_du...