Chapter 13 : A clue

12.6K 1.9K 22
                                    

သူတို့ ယွန်းချယ်​ရီသင်းမိဘ​တွေကို လူ​ပျောက်​မှု ဖွင့်​ဖို့ ​ပြောခဲ့ကြသည်​..
မိဘကလည်း သူတို့ ​ပြောမှ စိတ်​​တွေ ပူပြီး လူ​ပျောက်​တိုင်​ဖို့ ထွင်​သွားကြ​လေသည်​.. သူတို့လည်း ထွက်​လာပြီး ကား​ထဲ ဝင်​လိုက်​ကြသည်​..

"ဘယ်​လိုလဲ.. ​​ကောင်​​လေး.. "

ကား​ပေါ်တက်​လိုက်​ရင်း ​မေးလိုက်​သည်​..

"ဘာကိုလဲ.. စုံ​ထောက်​ကြီး.. "

"မင်းဘဲ စာကို မျက်​လုံး​ပေါက်​မတတ်​ စိုက်​ကြည့်​​နေတာ​လေ.. ဘာထူးလဲလို့.. "

ကောင်​​လေးက မျက်​နှာတည်​နဲ့ပဲ ပြန်​​ဖြေသည်​..

"စာက​တော့ အမှန်​ပဲ.. လက်​​ရေးက ယွန်းချယ်​ရီသင်းလက်​​ရေးပဲ.. အတက်​​တွေ ရရစ်​​တွေ တစ်​ပုံစံတည်းပဲ.."

"အဲ့​တော့ တကယ်​ ခိုး​ပြေးဖို့ လုပ်​ခဲ့တာ​ပေါ့.. "

"အင်း.. ဒါ​ပေမယ့်​ သူ့လို ပြည့်​စုံ​နေတဲ့ ​ကောင်​မ​လေးက ဘာလို့ ရုတ်​တရက်​ ခိုး​ပြေးဖို့ ကြံစည်​ရတာလဲ..

ဆယ်​တန်းကျလို့ လင်​​နောက်​လို်​​ပြေးရ​အောင်​ ​ကျောင်းရဲ့ Top 1 မလား.. "

"ငါ သူ့အ​ဖေကို သူ့သမီးအ​ကြောင်း စ​မေးကတည်းက သူ့အ​ဖေက ဘာစ​ဖြေခဲ့လဲ မှတ်​မိလား..

ဘေးက Showcase မှာ တင်​ထားတဲ့ ဆုတံဆိပ်​​တွေနဲ့ စ​ပြောတာ..
ဒီလို မိဘမျိုးက သားသမီးကို ဖိအား​ပေးတတ်​တယ်​​..

ဘယ်​သူသိမှာလဲ.. ယွန်းချယ်​ရီသင်း တကယ်​ပဲ ​ပျော်​​နေတာလား. ဖိအား​တွေနဲ့ ​နေ​နေခဲ့ရတာလားဆိုတာ..
သူ့ရည်းစားကို​တောင်​ ဘယ်​သူ့ကိုမှ မ​ပြောရဲခဲ့ဘူးမလား.."

ကောင်​​လေးက သူ့စကားကို ကြားပြီး တစ်​ခဏ​လောက်​ ငြိမ်​သွားသည်​..

"အင်း.. ဖြစ်​နိုင်​ပါတယ်​.."

"ကဲ... ခိုး​ပြေးဖို့ လုပ်​ခဲ့တာ ​သေချာပြီဆို​တော့.. စုံစမ်းစရာ တစ်​ခုပဲ ကျန်​တယ်​..

သူ့ ရည်းစားက ဘယ်​သူလဲဆိုတာပဲ.. အခုပဲ ​ကျောင်းကို သွားရ​အောင်​.. "

When You Fall In Love With A Law Student [Completed]Where stories live. Discover now