Part 47 : The End

16.9K 1.5K 54
                                    

စစ်နိုင်း မျက်လုံးများ ပြာဝေသွားသည်။

ကောင်လေး....

အရှိန့်ဖြင့် စိုက်ဝင်သွားသော ကျည်ဆန်ကိုပင် သတိမမူမိတော့။

လောကကြီးတစ်ခုလုံးတိတ်ဆိတ်သွားသလို ... အချိန်တွေ ရပ်တန့်သွားသလို...

သူ့ရဲ့မျက်လုံးထဲတွင် ကောင်လေး တိုက်ပေါ်က ပြုတ်ကျသွားပုံကို သာ ထပ်တလဲလဲ မြင်ယောင်နေမိသည်။

မဖြစ်ဘူး ....

"ကောင်လေး !"

သူ့အော်သံနှင့်အတူ....

" ဒိုင်း...... "

သူ့ရဲ့အတွေး အာရုံကို လန့်နိုးသွားစေသော သေနတ်ဖောက်သံ....

သူ့အလန့်တကြား ကြည့်မိတော့ ....

" Zero !"

Zero သည် သူ့ရဲ့ နားထင်ကို သေနတ်ပြောင်းဝ တေ့ထားရာမှ တဖြည်းဖြည်း ပြိုလဲလာကာ ... နောက်ဆုံး တိုက်ပေါ်က ပြုတ်ကျသွားလေသည်။

စစ်နိုင်း အမြန်ထပြေးလိုက်ချင်ပေမယ့် သူ ထမရ....

ကျည်ကာ ၀တ်ထားသော်လည်း ကျည်ဆန်အရှိန်ကြောင့် သူ အသက်ပင် ကောင်းကောင်းမရှူနိင်..

တစ်ခဏလေးအတွင်းတွင် အရာများစွာ ဖြစ်ပျက်သွားခဲ့သည်....

စစ်နိုင်း သူ့မျက်လုံးကို သူမယုံနိုင်....

ကောင်လေး....

သူထကာ အောက်ထပ်သို့ အရူးတစ်ယောက်လို အောက်ထပ်သို့ ပြေးဆင်းသွားသည်။

ကောင်လေး....

သူ့ အတွေများ ထုံထိုင်းနေသလို ကောင်လေးမှလွဲပြီး ဘာမှမတွေးနိုင်တော့.....

သတိမထားမိလိုက်ခင်တွင် သူ့ရဲ့ပါးပြင်တစ်ခုလုံး မျက်ရည်များဖြင့် စိုစွတ်နေခဲ့လေသည်...

................................................................................................................................................................

"စုံထောက်ကြီးက ဘယ်လိုလုပ်ပြီး တိုက်အောက်မှာ လေအိတ်ကြီး ခံထားဖို့ စဉ်းစားလိုက်တာလဲ "

"မင်း ငါ့ကို မင်းအိမ်မက်အကြောင်း ပြောဖူးတယ်မလား "

"​အော်​.. "

When You Fall In Love With A Law Student [Completed]Where stories live. Discover now