ရောင်နေဦး အေးစက်နေသော ချွေးစေးများကြားထဲက လန့်နိုးလာခဲ့သည်..
တိတ်ဆိတ်နေသော ညအလယ်တွင် ကြောက်လန့်လွန်း၍ ခုန်နေသော သူ့နှလုံးခုန်သံကို သူ ပြန်ကြားနေရသည်..
"စုံထောက်ကြီး.. "
သူ တုန်ယင်နေသော နှုတ်ခမ်းကို သွားဖြင့်ကိုက်ကာ ဘေးမှ မီးအိမ်ကို ထွန်းလိုက်သည်..
ထို့နောက် ကုတင်ပေါ်မှဆင်းကာ အိမ်ရှေ့ဧည့်ခန်းတွင် အိပ်နေသော စုံထောက်ကြီးကို အော်ခေါ်ရင် ထွက်သွားမိသည်.."စုံထောက်ကြီး.. စုံထောက်ကြီး.. "
စုံထောက်ကြီးက ချက်ချင်းထကာ သူ့ကို လှမ်းကြည့်သည်..
သူ ကျလာသော မျက်ရည်များကို သုတ်ကာ စုံထောက်ကြီးကို ခေါင်းညိတ်ပြလိုက်ပါသည်..
"တောက်.... "
စုံထောက်ကြီးရဲ့ တောက်ခေါက်သံက တိတ်ဆိတ်သော အခန်းထဲ ဟိန်းစွာ ထွက်ပေါ်လာခဲ့သည်..
××××××××××××××××××××××××××××××××××××××
"ဘယ်လို ဖြစ်တာလဲ.. "
"ကိုရဲမြင့်.. မေးမနေပါနဲ့တော့.. "
ကုတင်ပေါ်ရှိ သနားစရာ ကောင်မလေးအလောင်းကို ကြည့်ရင်း စောင့်ကြည့်တာဝန်ကျ စုံထောက်လေး နှစ်ဦးကို ဆူနေသော ကိုရဲမြင့်ကို ပြောလိုက်သည်..
"ကိုစစ်နိုင်း.. ဘာဆက်လုပ်မှာလဲ.. "
"ကျွန်တော့်အထင် ကျွန်တော်တို့ လိုက်တဲ့ လမ်းများ မှားနေတာလား.. "
စစ်နိုင်း စဉ်းစားရင်း ပြောမိသည်..
"ကျွန်တော်တို့ အခု သူ့ကို ဖမ်းဖို့ကြိုးစားနေတာ.. မမြင်ရတဲ့ လေကို ဖမ်းဖို့ ကြိုးစားနေသလိုပဲ..
ပုံမှန်အားဖြင့်ဆို ကျွန်တော်တို့ နောက်ကြောင်းလိုက်လေ့ရှိတယ်မလား..
တရားခံရဲ့ သွားလေ့ရှိတဲ့နေရာ.. မိသားစု.. သူ့ရဲ့ Story.. ပြီးတော့ အသတ်ခံရတဲ့ သူတွေ ကြားထဲက ဆက်နွယ်မှု.. အဲ့တာတွေနဲ့ တရားခံ ဘာကြောင့် လူသတ်တာလဲဆိုတဲ့ အကြောင်းရင်းကို ရှာတယ်..
YOU ARE READING
When You Fall In Love With A Law Student [Completed]
Mystery / ThrillerBlack-eyed Susan ဆိုတဲ့ ပန်းရဲ့ အဓိပ္ပါယ်ကို သိလား စုံထောက်ကြီး... Black-eyed Susan ပန်းဟာ တရားမျှတမှုကို ကိုယ်စားပြုတယ်တဲ့.. သူ့ကို Flower of justice လို့လည်း ပြောကြတယ်.. Lustitia လို့ ခေါ်တဲ့ Lady of justice လိုပေါ့.. Story by #Hayden_du...