Chapter 9 : The Beginning

14.1K 2K 8
                                    

"Wow... ကစားကွင်း မ​ရောက်​တာ ကြာ​ပြီ.. ​တော်​​တော်​​ပြောင်းလဲသွားတယ်​​နော်​...

ကျွန်​​တော်​ အသက်​ ၈ နှစ်​​လောက်​ကတည်းကရင်း ကစားကွင်း မ​ရောက်​ဖြစ်​​တော့တာ..
ရှင်းရှင်း​ပြောရင်​ သူများ​တွေက​တော့ သူငယ်​ချင်း​တွေ ဘာ​တွေနဲ့ သွားကြ​ပေမယ့်​ ကျွန်​​တော်​ငယ်​ငယ်​တုန်းကရင်း သူငယ်​ချင်း တစ်​​ယောက်​မှ မရှိဖူးဘူး​လေ..

ဒါ​ကြောင့်​ ကစားကွင်းကို တစ်​​ယောက်​တည်းမို့ ဘယ်​တုန်းကမှ မလာချင်​ခဲ့ဘူး..
အခု စုံ​ထောက်​ကြီးနဲ့ Partner ​တွေ ဖြစ်​ရ​တော့မှ လာချင်​စိတ်​​ပေါ်လာတာ..

စုံ​ထောက်​ကြီး​ကော.. ကစားကွင်း ​ရောက်​ဖြစ်​လား.. "

ချာတိတ်​​လေးက သူ့​ရှေ့က​နေ ​လျှောက်​​နေရင်းမှ ​နောက်​သို့လှည့်​လာကာ သူ့ကိုေ​မး​လေသည်​..
နေ့လည်​ခင်းမို့ ​နေ​ရောင်​က ပူလှသည်​..
လူကလည်း စည်​လှသည်​မို့ သူ ​ချွေးစီးများပင်​ ထွက်​လာရသည်​..

ကောင်​​လေးက​တော့ ​နေ့လည်​ခင်းတိုက်​တဲ့ ​လေရူးအ​ဝေ့မှာ ပျံသန်း​နေတဲ့ လိပ်​ပြာတစ်​​ကောင်​ပမာ ​ခုန်​​ပေါက်​ကာ လန်းဆန်း​နေသည်​..
သူ့ကို ကြည့်​ရတာ အမြဲ စိတ်​လက်​​ပေါ့ပါး​နေသလိုပင်​..

"အင်း... ကိုယ်​က​တော့ ကိုယ့်​ ညီ​လေးနဲ့ ကြာကြာ တစ်​ခါ​လောက်​ ​ရောက်​ဖြစ်​ပါတယ်​.. "

ကောင်​​လေးက သူ့အ​ဖြေကို ကြားပြီး​တော့ ဆက်​​မေးသည်​..

"စုံ​ထောက်​ကြီးမှာ ညီ​လေး ရှိတာလား.. အသက်​ဘယ်​​လောက်​လဲ.. "

"ဒီနှစ်​ ကိုးတန်း... "

"​တော်​​တော်​ငယ်​တာပဲ... "

ထို​​နောက်​ ​ကောင်​​လေးက ​ရှေ့သို့ ပြန်​လှည့်​သွားသည်​..
ထို့​နောက်​ဟိုဟိုဒီဒီ လိုက်​ကြည့်​နေ​လေသည်​...

"Rollercoaster .... စုံ​ထောက်​ကြီး ကျွန်​​တော်​တို့ Rollercoaster စီးရ​အောင်​...."

ကောင်​​လေးက စိတ်​လှုပ်​ရှားဟန်​ဖြင့်​ ထခုန်​မတတ်​ ​ပြောသည်​..
သူ ​ကောင်​​လေးရဲ့အမူအရာကို ကြည့်​ပြီး ပြုံးမိသည်​..
တကယ်​ က​လေးဆန်​တဲ့ ​ကောင်​​လေး..

When You Fall In Love With A Law Student [Completed]Where stories live. Discover now