Zero ကုတင်ပေါ်၌ လဲလျောင်းလျက်ရှိသော အလောင်းကို စိုက်ကြည့်နေမိသည်...
သူ Taxi မောင်းပြီး သာမန်ဘဝကို ရအောင်ကြိုးစားနေခဲ့သော ငါးနှစ်အတွင်း ဒီ မိန်းမကို အကြိမ်ပေါင်းများစွာ တင်ဖူးသည်..
Dawn Club ဆိုသော နေရာမှ ထွက်လာတာ အကြိမ်ပေါင်းများစွာ မြင်ဖူးသည်..
သူက လူစုလူဝေးတွေကို သဘောမကျတာကြောင့် လူကုံထံ တိတ်ဆိတ်တဲ့ နေရာတွေမှာပဲ ကျင်လည်ကာ Taxi မောင်းပါသည်..
လူကုံထံဆိုတဲ့အတိုင်း သူတို့ ကိုယ်ပိုင်ကားတွေနဲ့ သွားလာနေတတ်ကြသောကြောင့် Taxi များမှာ သိပ်ပြီး အလုပ်မဖြစ်..
သို့သော် ထို လူကုံထံ ရပ်ကွက်တွင် ဖွင့်ထားသော Dawn ဆိုသည့် နာမည်ကြီး လူကုံထံ Club ဝန်းကျင်တွင်တော့ Taxi များ အလုပ်ဖြစ်တာမို့ ထိုဘက် နေရာတစ်ဝိုက်တွင် သူ Taxi အကြာကြီး ဆွဲခဲ့သည်..
သို့နှင့် သူ မိန်းမပေါင်းများစွာ ထို Club တွင်းသို့ ဝင်လိုက် ထွက်လိုက် တွေ့ဖူးခဲ့ပါသည်..
ထိုထဲမှ သူ စိတ်ထဲတွေ့သော မိန်းမများကို သေချာလေး စာရင်းလုပ်ခဲ့သည်..
သူ သေရတော့မည်ဆိုလျှင် လောကမှာ ထားခဲ့ရန် မသင့်သော မိန်းမများ..သူ နောက်ဆုံးတော့ သူ့စာရင်းအတိုင်း တဟ်ယောက်ပြီးတစ်ယောက် ရှင်းပစ်မည်.. ပြီးလျှင် သူချစ်ရတဲ့သူ.. နောက်ဆုံး ပစ်မှတ်ကတော့ သူကိုယ်တိုင်ပင်..
အားလုံးက အစကတည်းက မွေးလာဖို့ မသင့်တဲ့သူတွေချည်းပဲ..
သူ ကုလားထိုင်ပေါ်မှ ထကာ တံခါးဆီသို့ လျှောက်လာခဲ့သည်..
ထို့နောက် အခန်းတစ်ခုလုံး ကြောက်စရာကောင်းလောက်အောင် ပြန်လည် တိတ်ဆိတ်သွားပါသည်...
××××××××××××××××××××××××××××××××××××××
"Friendzone... "
"အင်း.. ဒီကားကို Trailer ကြည့်ပြီးတာ ကြာပြီ ..
YOU ARE READING
When You Fall In Love With A Law Student [Completed]
Mystery / ThrillerBlack-eyed Susan ဆိုတဲ့ ပန်းရဲ့ အဓိပ္ပါယ်ကို သိလား စုံထောက်ကြီး... Black-eyed Susan ပန်းဟာ တရားမျှတမှုကို ကိုယ်စားပြုတယ်တဲ့.. သူ့ကို Flower of justice လို့လည်း ပြောကြတယ်.. Lustitia လို့ ခေါ်တဲ့ Lady of justice လိုပေါ့.. Story by #Hayden_du...