Chapter 28 : The Vision

10.9K 1.6K 21
                                    

"သူ​​ပျော်​​နေတယ်​...

မဟုတ်​​သေးဘူး.. သူ စိတ်​ချမ်းသာ​နေတယ်​.. ဒါလည်းမဟုတ်​ဘူး..

သူ အဲ့တာနဲ့ပတ်​သက်​ပြီး ပြင်းထန်​တဲ့ ​ပျော်​ရွှင်​မှု ခံစားမှု မရှိ​ပေမယ့်​.. သူ ​ကျေနပ်​​နေတယ်​..

အဲ့ဒီ အသက်​ရှုကျပ်​​နေတဲ့ မိန်းမကို ကြည့်​​နေရတာ..

သူ့ရဲ့ လူသတ်​လက်​နက်​က သား​ရေကွင်းပဲ..

ဘာလို့ သား​ရေကွင်းကို ​ရွေးတာလဲဆို​တော့.. သား​ရေကွင်းက ဆွဲနိုင်​ ဆန့်​နိုင်​တယ်​..
သား​ရေကွင်းနဲ့ လည်​ပင်းကို ညှစ်​သတ်​ရင်​ လွယ်​လွယ်​နဲ့မ​သေဘူး.. အသက်​ရှုပ်​မဝတဲ့ ဒဏ်​ကို အကြာကြီး ခံရမှာပဲ..

သူက အ​ရှေ့က​နေသတ်​တာ..

သေတဲ့သူရဲ့ မျက်​နှာကို တစိမ့်​စိမ့်​ကြည့်​ပြီး သတ်​တာ...

ပြီး​တော့... ကျွန်​​တော်​ သူ့ကို ဘာဆိုဘာမှ အာရုံခံလို့မရဘူး.. "

ကောင်​​လေးက ကုတင်​​ပေါ်တွင်​ ထိုင်​ကာ ​ပြောပြ​နေသည်​..
သူ ​ပြော​သေးသည်​.. ​အေး​ဆေးနားဦး .. ပြီးမှ ​ပြောပါဆိုတာ. ​ကောင်​​လေးက တစ်​ခါတည်း ​ပြောပြီးမှ နားမည်​ဟုဆို၍ သူ ကုတင်​​ပေါ် တင်​ပါးလွှဲထိုင်​ကာ နား​ထောင်​​နေရသည်​..

"ကျွန်​​တော်​ လူသတ်​တာ​တွေ ​တွေ့ခဲ့တာ ၅ နှစ်​​လောက်​ရှိပြီ..

စစချင်း​တော့ ​ကြောက်​စရာ​ကောင်း​ပေမယ့်​.. ​နောက်​​တော့ ကျွန်​​တော်​ကျင့်​သားရလာခဲ့တယ်​..

လူသတ်​တာ​တွေက အဲ့​လောက်​ မဟုတ်​ဘူး.. လူ​တွေ လူသတ်​ပြီဆိုရင်​ သူတို့ ဘာလို့ သတ်​တာလဲဆို​တဲ့ လှုံ့​ဆော်​မှု တစ်​ခုခုရှိကြတယ်​..
ဒေါသ ​ကြောင့်​သတ်​တယ်​.. အလို​လောဘ​ကြောင့်​ သတ်​တယ်​..

သူတို့ရဲ့ လှုံ့​ဆော်​မှုက သူတို့ အမြင်​နဲ့ ​ကြောက်​စိတ်​ကို ဖုန်းသွားတဲ့အခါ လူသတ်​ကြတယ်​..

အဲ့အချိန်​ သူတို့စိတ်​ထဲမှာ အဲ့ လှုံ့​ဆော်​မှုက လွဲပီး ဘာမှ မရှိဘူး..
နောက်​ သတ်​ပြီးမှသာ ​တွေး​တွေးရင်း ပြန်​​ကြောက်​ကြတာ..

When You Fall In Love With A Law Student [Completed]Where stories live. Discover now