ယွန်းချယ်ရီသင်း အလောင်းရဲ့ ဆေးစစ်ချက်ထွက်လာသည်..
ဦးခေါင်းခွံကွဲခြင်းသည် သေခြင်း၏ အဓိကအကြောင်းအရင်းဖြစ်လေသည်.. နောက်ကနေ မာကျောတဲ့ အရာတစ်ခုခုနှင့် ရိုက်ခံရ၍ ဦးခေါင်းခွံကွဲရခြင်းပင်..
သူမ၏ ဆေးစစ်ချက်အရတော့ သူမတွင် ကိုယ်ဝန်ရှိနေသည်..
ဒါဆို တကယ်ပဲ သူ့ရည်းစား လက်ချက်လား???" လာ.. စုံထောက်ကြီး ကျောင်းစောင့်ကို သွားမေးရအောင်.. "
ကောင်လေးက သူ့လက်ကို ဆွဲ၍ ခေါ်သွားလေသည်..
သူ အိပ်ချင်မူးတူးဖြင့်ပါသွားသည်..
"ဟေ့ကောင်.. အခုမှ မနက် ၆ နာရီပဲ ရှိသေးတယ်.. ငါ မနေ့ညက ၂ နာရီမှ အိပ်တာကွ.. "
"ကျွန်တော် မနက်အတန်းရှိတယ်ဗျ... နောက်ကျလို့မဖြစ်ဘူး.. ဒါကြောင့် ကျောင်းမသွားခင် မြန်မြန်လေး လုပ်ရအောင်.. "
မနက် ၅ နာရီကြီး သူ့ဆီ ဖုန်းဆက်ခေါ်သော ကောင်စုတ်လေး..
သူ့မှာ ၃ နာရီပဲ အိပ်ရ၍ ခေါင်းနောက်ကျိနေသည်..သူတို့ ကျောင်းရောက်တော့ ကျောင်းတံခါးပင် မဖွင့်သေး.. အင်းလေ.. ကျောင်းတံခါးက ဘယ်တုန်းကမှ ဖွင့်ထားတာမဟုတ်တာ..
ကျောင်းအစောင့် ဦးလေးကတော့ ရှေ့တွင် တံမြက်စည်းလှည်းနေလေသည်..ကျောင်းစောင့်နှစ်ယောက်ရှိတာ ကျန်တဲ့ အသက်ငယ်ငယ် ကောင်လေးကတော့ ရောက်သေးပုံမရ..
"ဦးလေးကြီး... ကျွန်တော်တို့က စုံထောက်တွေပါ.. ဒီကျောင်းက ကျောင်းသူတစ်ယောက်အမှုကို စုံစမ်းနေတာ..
မေးခွန်းတချို့ မေးလို့ရမလား.."ကောင်လေးက တံမြက်စည်းလှည်းနေသော အစောင့်ဦးကြီးကို မေးလိုက်သည်..
ထို ဦးလေးကြီးသည် သူတို့ နှစ်ယောက်ကို စူးစမ်းဟန်ဖြင့် ကြည့်လေသည်..
အင်းလေ.. အခုမှ မနက် မလင်းတလင်း.. ဘယ်ရဲကီးလောက်အစောကြီး စုံစမ်းလို့လဲ..
YOU ARE READING
When You Fall In Love With A Law Student [Completed]
Mystery / ThrillerBlack-eyed Susan ဆိုတဲ့ ပန်းရဲ့ အဓိပ္ပါယ်ကို သိလား စုံထောက်ကြီး... Black-eyed Susan ပန်းဟာ တရားမျှတမှုကို ကိုယ်စားပြုတယ်တဲ့.. သူ့ကို Flower of justice လို့လည်း ပြောကြတယ်.. Lustitia လို့ ခေါ်တဲ့ Lady of justice လိုပေါ့.. Story by #Hayden_du...