Chapter 46 : Death

9.8K 1.4K 9
                                    

" ငါ အရင်​သွားမယ်​.. ​Zero က ​သေချာ​ပေါက်​ ရဲ​တွေ လာမလာကို ​စောင့်​ကြည့်​​နေမှာပဲ..

အဲ့​တော့ ရုတ်​ရုတ်​လုပ်​ရင်​ ဓားစာခံ​တွေရဲ့ အသက်​ကို စ​တေးလိုက်​သလိုဖြစ်​လိမ့်​မယ်​.
ငါအရင်​သွားမယ်​. ငါသူ့ကို အာရုံလွှဲထားမယ်​..
အဲ့အခါမှ မင်းတို့​ကော.. မီးသတ်​​ကေား​ကော.. ​ဆေးရုံကား​ကော အကုန်​ဝင်​လာခဲ့..

တစ်​ခုရှိတာက ကားသံမကြားရ​အောင်​ တိတ်​တိတ်​ဆိတ်​ဆိတ်​လုအ်​နိုင်​သမျှ လုပ်​တာ​ကောင်းမယ်​.

ကားက အ​ဆောက်​အဦး​ရှေ့ထိ​တော့မလာနဲ့.. အ​ဆောက်​အဦးရဲ့ တစ်​ပြ​လောက်​မှာ ရပ်​.. ​ခြေကျင်​လာခဲ့ကြ..

ဆေးရုံကားနဲ့ မီးသတ်​ကားကိုလည်း ဥသြစွဲသံ​တွေမကြားရ​အောင်​ အဲ့ဟာ​တွေ အကုန်​ဖြုတ်​ဖို့​ပြောထား..

အခု ငါ ဝင်​သွားမယ်​. ငါ အချက်​ပြပြီဆို ကားကို ​ဖြေး​ဖြေးချင်း​မောင်း.. တစ်​ပြ​လောက်​အလိုဆိုရပ်​.. ​ဆေးရုံကား​တွေကို​ကျ အသင့်​​စောင့်​ခိုင်းထား. မင်းတို့က အ​ဆောက်​အဦးဆီကို တိတ်​တဆိတ်​ချည်းကပ်​..

ဟုတ်​ပြီ​နော်​.. "

"ဟုတ်​ .. အဖွဲ့မှူး. "

ကောင်းစစ်​နိုင်း ​ခပ်​လှမ်းလှမ်းမှ မြင်​​နေရ​သော ၄ ထပ်​တိုက်​ အပျက်​ကြီးကို လှမ်းကြည့်​လိုက်​သည်​.. တိုက်​ပျက်​ကြီးဟု တင်​စား​ပေမယ့်​.. တိုက်​​ဟောင်းကြီးဟုဆိုသည်​က ပိုမှန်​လိမ့်​မည်​..

လူ​နေလို့ရတဲ့ တိုက်​​ဟောင်းကြီးဖြစ်​သည်​..

ထိုတိုက်​ကြီးက ကုန်း​စောင်းတစ်​ခု​ပေါ်တွင်​ရှိသည်​..

ဒီဘက်​ ရပ်​ကွက်​များက ပြန်​လည်​ဖွံ့ဖြိုး​ရေး စီမံကိန်း​ကြောင့်​ လူများတစ်​ယောက်​မျှ မ​နေကြ​တော့.. ​နောက်​လအတွင်း ဒီတစ်​ရပ်​ကွက်​လုံးက အ​ဆောက်​အဦး​တွေကို ဖြိုချကာ လူ​နေအိမ်​ရာများ အသစ်​တိုးချဲ့မည်​ဖြစ်​သည်​..

သူ လက်​ကျန်​ စီးကရက်​တိုကို ​နောက်​ဆုံးတစ်​​ခေါက်​ ရှူသွင်းပြီး​နောက်​ ​မြေ​ပေါ်သို့ချနင်းလိုက်​သည်​...

When You Fall In Love With A Law Student [Completed]Where stories live. Discover now