Extra - 1

10.9K 1.2K 14
                                    

မိုး​ကောင်းကင်​တွင် တိမ်​များအုံ့ဆိုင်း​နေကာ တစ်​​လောကလုံးက မှိုင်းညို့​နေသလို ခံစား​နေရပါသည်​..

မိုးရာသီထဲဝင်​ပြီ ဖြစ်​သဖြင့်​ မိုးများ​သော ယခုလို ​ဒေသမျိုးတွင်​ ဤစိုထိုင်း​သော ရာသီဥတုမှာ အဆန်း​တော့မဟုတ်​..
ဆောင်းရာသီထဲ​တောင်​ မိုးများ မကြာခဏ ရွာတတ်​​ကြောင်း ဦး​ကျော်​က ​ရောင်​​နေဦးကို​ပြောပြခဲ့သည်​..

ဦး​ကျော်​က အိမ်​​ခြေ ရာဂဏန်း​လောက်​သာရှိ​သော ဤ မိုးလခါမှီရွာ၏ ရာအိမ်​မှူးဖြစ်​ပါသည်​..

တကယ်​​တော့ စုံ​ထောက်​ကြီး အမှုကိစ္စတစ်​ခုဖြင့်​ နယ်​ဘက်​ကိုခရီးထွက်​ရမည်​ဆိုတုန်းက ​ရောင်​​နေဦးတစ်​​ယောက်​တည်းမ​နေချင်​၍ အတင်းလိုက်​ခဲ့ခြင်းပင်​.. 
စုံ​ထောက်​ကြီးက ဘာအမှုလိုက်​​နေလဲ​တော့ ​သူလည်း တိတိကျကျမသိပါ..

စုံ​ထောက်​ကြီးက သူနဲ့မဆိုင်​တဲ့ကိစ္စ​တွေကို သိပ်​ပြီး​ပြောပြ​လေ့မရှိ..
သူ အကြမ်းဖျင်းသိသ​လောက်​​တော့ မူးယစ်​​ဆေးကိစ္စဖြစ်​မည်​ထင်​ပါသည်​..

ဒါ​ပေမယ့်​ ဘာလို့ မူးယစ်​​ဆေးကိစ္စကို မူးယစ်​​ဆေးဘက်​က ရဲ​တွေ မကိုင်​တာလဲ ​သူ စဉ်းစားမရပါ..
ကြည့်​ရတာ မူးယစ်​​ဆေးကိစ္စနဲ့ လူသတ်​မှုနဲ့များ ပတ်​သက်​​နေလို့လား​တော့မသိ..

မည်​သို့ပင်​ဆို​စေကာမူ ​ရောက်​သည့်​​နေ့မှစ၍ ​ရောင်​​နေဦးက စုံ​ထောက်​ကြီး ​နေရာချထား​​ပေး​သော အိမ်​တွင်​သာ ​နေရပါသည်​..
စုံ​ထောက်​ကြီးက​တော့ ​သေချာ​တောင်​ပြန်​မလာ.. နယ်​စပ်​ဘက်​သွား၍ သူတို့​ခေါ်​သော စစ်​ဆင်​​ရေးတစ်​ခုကို သွားလုပ်​​နေသည်​..

သူပျင်းသည်​.. အခုဆိုလျှင်​ စုံ​ထောက်​ကြီး ထွက်​သွားတာ ငါးရက်​ရှိ​လေပြီ.. အဆင်​​ကော ​ပြောရဲ့လားမသိ..

သူက​တော့ ပျင်းရင်​ အပြင်​ထွက်​ကာ ​တောထဲ​တွေထဲ ​လျှောက်​သွားတတ်​သည်​..
သူမ​တွေ့ဖူး​သော ပန်းရိုင်း​တွေခူးသည်​.. ရွာအနီးနားက မြစ်​လက်​တက်​​လေးတစ်​ခု​ဘေးမှာ ရှိ​သော မြက်​ခင်းပြင်​အကျယ်​ကြီး၌ လှဲ​လျောင်းကာ အနားယူသည်​... သယ်​လာ​သော စာအုပ်​များကို အပျင်း​ပြေဖတ်​သည်​..

When You Fall In Love With A Law Student [Completed]Where stories live. Discover now