Chapter 24 : Htike Luxury

11.4K 1.6K 5
                                    

"ကို စစ်​နိုင်း ဧည့်​သည်​လာတယ်​.. "

ဘယ်​သူပါလိမ့်​..

သူ အလုပ်​စားပွဲမှ ထကာ စခန်း အပြင်​သို့ ထွက်​လာခဲ့သည်​..

အ​ဝေး​ပြေး လမ်းမ​ပေါ်က မိန်းမအ​လောင်းကို ​တွေ့ကတည်းက သူ အိမ်​မပြန်​ရတာ နှစ်​ရက်​ရှိ​ပေပြီ..
ဒီအမှုက ​ခေါင်း​တော်​​တော်​စားသည်​..

ကောင်​မ​လေးကို ဘယ်​သူလဲဆိုတာ ​ဖော်​ထုတ်​လို့ပင်​မရ​ပေ..

ခု​တော့ အ​လောင်းက မှုခင်းသိပ္ပံမှာပင်​ ရှိ​သေးသည်​..
ခုထိသိရ​သ​လောက်​က​တော့ အဓိက ​သေရခြင်းအ​ကြောင်းမှာ ​သွေးထွက်​လွန်​ခြင်းပင်​..

သွေးထဲတွင်​လည်း ဘာ မူးယစ်​​ဆေး .. ​မေ့​ဆေး ဘာမှ မ​တွေ့ရ.. ပြင်​ပဒဏ်​ရာဆိုလည်း အနည်းအကျဉ်းသာရှိသည်​..
ထို့​နောက်​ ရုန်းကန်​ထား​သော လက္ခဏာလည်း မ​တွေ့ရသလို. အ​လောင်းတွင်​လည်း လူသတ်​သမား DNA .. ဘာဆိုဘာမှ မ​တွေ့ရ​ပေ..

ကြည့်​ရသ​လောက်​က​တော့ သတ်​​သေမှုဆိုသည်​မှာ ​သေချာသ​လောက်​ရှိ​နေသည်​.. သို့​သော်​.. မျက်​နှာ​ပေါ်က ဖူး​ယောင်​​နေ​သော ဒဏ်​ရာ ကိုကြည့်​ခင်းဖြင့်​ သတ်​​ဥေည်​ဆိုရင်​​တောင်​ တစ်​​ယောက်​​ယောက်​ရဲ့ ပ​ယောဂ ပါမည်​ဟု သိနိုင်​ပါသည်​..
ထို့​ကြောင့်​ ပင်​ ဘာဆို ဘာမှ မစုံစမ်းရ​သေးခင်​ ​ကောင်​မ​လေးက ဘယ်​သူဆိုသည်​မှ သိရဖို့ အ​ရေးကြီးလှသည်​. ထို့မှသာ သူမ၏ မိသားစုကိုလည်း ဆက်​သွယ်​နိုင်​မည်​မဟုတ်​ပါလား..

သို့​သော်​.. လက်​​ဗွေရာစစ်​ကြည့်​​တော့လည်း သူမ၏ နိုင်​ငံသား မှတ်​ပုံတင်​နံပါတ်​ကို ရှာမ​တွေ့..
ခု​တော့ သွားစစ်​​နေသည်​. ဒါမှ ရှာမ​တွေ့လျှင်​ ဘာမှ ဆက်​လုပ်​လို့ရမည်​ မဟုတ်​​ပေ..
သတ်​​သေမှု ဖြစ်​သည့်​အပြင်​ ​သေဆုံးသူ မိသားစုမှ အမှုမဖွင့်​ပါက ဒီအတိုင်းပင်​ အမှုပိတ်​ရ​ပေလိမ့်​မည်​...

ထို့​ကြောင့်​ သူ့မှာ နှစ်​ရက်​လုံးလုံး စခန်းတွင်​သာ နှစ်​ပါးသွား​နေရခြင်းပင်​..

"စုံ​ထောက်​ကြီး.. "

ကောင်​​လေးက သူ့ကို စခန်းအပြင်​ဘက်​တွင်​ ရပ်​​စောင့်​​နေရင်း သူ့ကို​တွေ့​တော့ လှမ်း​ခေါ်သည်​..

When You Fall In Love With A Law Student [Completed]Where stories live. Discover now