Chapter 11 : Who is the boy??

13.2K 1.9K 6
                                    

ဆိုင်​က ကျဉ်း​ပေမယ့်​ သန့်​ရှင်းပါသည်​..
အင်း​လေ.. မြို့ပြင်​က ဆိုင်​ဆို​တော့လည်း ဒီ​လောက်​ပဲ​ပေါ့..

သူနဲ့ ​ချာတိတ်​တို့ ​ကျောင်းဆင်းချိန်​ကို ​စောင့်​ရင်း တစ်​ခါတည်း ​ကျောင်းနားက ​ဆိုင်​တစ်​ဆိုင်​တွင်​ ​နေ့လည်​စာ ဝင်​စားကြခြင်းဖြစ်​သည်​..

နှစ်​​ယောက်​သား ခပ်​ ​ထောင့်​ကျကျ စားပွဲတွင်​ ဝင်​ထိုင်​လိုက်​ကြသည်​..

"​​အန်​တီ... ထမင်း​ကြော်​တစ်​ပွဲ.. ကြက်​ဥ Half fried နဲ့.. ပြီး​တော့ Coffee တစ်​ခွက်​.."

သူမှာပြီး​တော့ ​ကောင်​​လေးက မှာသည်​..

"ကျွန်​​တော့ကိုကျ... ရှမ်းတစ်​ပွဲ ​ကော်​ရည်​​ရှောင်​.. ပြီး​တော့ Ice Coffee တစ်​ခွက်​.. "

သူ ​ကောင်​​လေးကို ကြည့်​လိုက်​သည်​..

"​ကောင်​​လေး.. မင်းအိမ်​မက်​ထဲမှာ မြင်​တဲ့ ​ကောင်​မ​လေးက ဘယ်​လိုမျိုးလဲ.. "

ကောင်​​လေးက ယွန်းချယ်​ရီသင်းရဲ့ ဓာတ်​ပုံကို မမြင်​ရ​သေး​ပေ.. ထို့​ကြောင့်​ သူ ​ပြော​နေ​သော အိမ်​မက်​အ​ကြောင်းကို ​မေးစမ်းကြည့်​ခြင်းဖြစ်​သည်​..

ကောင်​​လေးက သူ့အ​မေးကို ကြား​တော့ မျက်​​မှောင်​ကြုတ်​လိုက်​သည်​..

"ကျွန်​​တော်​က အ​မှောင်​ထဲမှာ ဆို​တော့ ရုပ်​​တော့ ရှင်းရှင်းလင်းလင်း မမြင်​ရဘူးဗျ.. ပြီး​တော့ မျက်​နှာမှာလည်း ဓားနဲ့ မွှန်းခံထားရ​သေးတယ်​..

ပုံစံက​တော့ ခပ်​ပိန်​ပိန်​​လေး.. ဆံပင်​က ရှည်​တယ်​.. ခါး​လောက်​​ပေါ့..
ပြီး​တော့ ​ကျောင်းဝတ်​စုံ ဝတ်​ထားတယ်​.. ဒါပဲ. "

ကောင်​​လေးအ​ဖြေကို သူသိပ်​အားမရ​သော်​လည်း ဆက်​မ​မေးမိ​ပေ..

"ဒါနဲ့ မင်း အိမ်​မက်​က တစ်ကယ်​ ဖြစ်​တာဆိုတာ မင်း ဘယ်​လို သိလဲ.. "

"စစချင်း​တော့ မသိဘူး.. ဒါ​ပေမယ့်​ ကြာလာ​တော့ သိလာ​တာ​ပေါ့.. သတင်း​တွေ ဘာ​တွေထဲမှာလည်း ​သေတဲ့ သူ​တွေရဲ့ မျက်​နှာ​တွေမြင်​ရတယ်​​လေ.. သတင်းက​တော့ မျက်​နှာကို ဖျက်​တာ​ပေါ့.. ဒါမဲ့ Internet ​ပေါ်မှာ​တော့ မျက်​နှာက ​မြင်​ရတယ်​.. ဒါ​ကြောင့်​ အဲ့ မျက်​နှာ မြင်​​တော့ ငါ့အိမ်​မက်​ထဲက လူပါလား​ပေါ့..

When You Fall In Love With A Law Student [Completed]Where stories live. Discover now