သူနှင့်ကောင်လေး ကားပေါ်မှ ဆင်းလိုက်ကြသည်..
သူမှ တော်သေးသည်.. ကောင်လေးက ညအိပ်ဝတ်စုံကြီးနှင့် သူ့ တိုက်ခန်းမှ ထလိုက်လာသည်မို့ ပုံစံမှာ သနားကမား .. သူတို့ အခင်းဖြစ်ပွားတဲ့နေရာ ရောက်တော့.. ကောင်လေးကို အကုန် ကွက်ကြည့်ကွက်ကြည့်လုပ်နေကြလေသည်..
သူကပဲ တခြား ရဲများကို အာမခံပြီး ကောင်လေးကို အလောင်းနား ခေါ်လာခဲ့သည်...
ကောင်လေး နဲ့သူ တိုက်ခန်းတွင် အရေးကြီး စားရေးသောက်ရေးများ ဆွေးနွေးစဉ် စခန်းမှ အလောင်းတွေ့၍ ဖုန်းဆက်ခေါ်သောကြောင့် ပြေးလာရခြင်းဖြစ်သည်..
လူသတ်သမားသည် တကယ်ကို ရဲတွေကို ပမာမခန့် စိန်ခေါ်လိုက်သလိုပင်..
အလောင်းကို အဝတ်ထည့်တဲ့ အိတ်ကြီးထဲ ထည့်၍ ဝေးပြေးလမ်းမအလယ်တွင် ပစ်ထားလေသည်..ကားတစ်စီးက ထို အိတ်အား တိုက်မိမလိုဖြစ်ပြီး ကားပေါ်က ဆင်းကြည့်ခဲ့သည်..
ဖွင့်ကြည့်လိုက်သောအခါ အိတ်ထဲမှ အမျိုးသမီးအလောင်းကို တွေ့ရ၍ ရဲစခန်းကို ဖုန်းဆက်ခဲ့ခြင်းဖြစ်လေသည်.."ကိုစစ်နိုင်း.... "
"ကိုရဲမြင့်.. ဘာတွေ တွေ့ထားပြီးပြီလဲ.. "
"ခုထိတော့ ဘာဆိုဘာမှ မရသေးဘူး.. လမ်းကလည်း လူတွေ သိပ်မသုံးတော့တဲ့ အဝေးပြေးလမ်းမ အဟောင်းဆိုတော့..
ပြီးတော့ ပတ်ဝန်းကျင်မှာလည်း နေထိုင်တဲ့ လူမရှိ.. အလောင်းကတော့ မှုခင်းသိပ္ပံက စစ်ပြီးမှ အကြောင်းရင်း သိမှာ.. "
"အင်း... "
သူ လက်ထဲမှ စီးကရက် အကျန်ကို စုတ်ယူလိုက်ကာ ဆေးလိပ်ငုတ်တိုကို ချနင်းလိုက်သည်...
ကောင်လေးကတော့ အလောင်းကို ကြည့်ကာ .. သူ့ဆီသို့ ပြန်လှည့်လာသည်...
"ကျွန်တော် မနေ့က မက်တဲ့ အိမ်မက်ထဲက မိန်းကလေးပဲ.. "
YOU ARE READING
When You Fall In Love With A Law Student [Completed]
Mystery / ThrillerBlack-eyed Susan ဆိုတဲ့ ပန်းရဲ့ အဓိပ္ပါယ်ကို သိလား စုံထောက်ကြီး... Black-eyed Susan ပန်းဟာ တရားမျှတမှုကို ကိုယ်စားပြုတယ်တဲ့.. သူ့ကို Flower of justice လို့လည်း ပြောကြတယ်.. Lustitia လို့ ခေါ်တဲ့ Lady of justice လိုပေါ့.. Story by #Hayden_du...