Chapter 30 : Sunday

10.8K 1.6K 19
                                    

ဘေစင်​ထဲမှ သူ့ရဲ့ တုန်​​နေတဲ့လက်​ကိုကြည့်​နေမိသည်​..

ထို့​နောက်​ သူတစ်​ဖက်​လက်​ဖြင့်​ ထိုတုန်​ရီ​နေ​သော လက်​ကို အရှိန်​သတ်​​သွား​အောင်​ ဆုပ်​ကိုင်​လိုက်​​လေသည်​..

သို့​သော်​ တစ်​ဖက်​လက်​မှာလည်း တုန်​ရီ​နေ​သော​ကြောင့်​ အလုပ်​မဖြစ်​..

"အာ....

စိတ်​​ပေါက်​ကာ မှန်​ကို ကြိမ်​ဖန်​များစွာထိုးရင်း သူ ငိုမိသည်​..

ဖန်​ကွဲစ​တွေ လက်​ထဲ ဆက်​တိုက်​ ဝင်​သွား​သော်​လည်း သူနာကျင်​တယ်​လို့ မခံစားမိ..

ကွဲ​နေ​သော မှန်​ထဲမှ သူ့ရဲ့ ရုပ်​ပုံကို သူ ပြန်​ကြည့်​​နေမိ​လေသည်​..

ဘာလို့လဲ...

သူ ဘယ်​​တော့မှ အ​ဖြေပြန်​မရခဲ့တဲ့ ​မေးခွန်း..
ဒါ​ပေမယ့်​ အခွင့်​ရတိုင်း သူ​မေးမိသည်​..

"ဘာလို့လဲ.. "

မရည်​ရွယ်​ပါ..
သူ လူပြန်​သတ်​မိပြီ..

သူ ညစ်​ပတ်​​ပေ​ရေ​နေ​သော Public toilet ကြမ်းပြင်​​ပေါ် အားမရှိစွာ ထိုင်​ချမိလိုက်​သည်​..
သူ့စိတ်​ခဲတွင်​ အပြစ်​ခံစား​နေရ​သော စိတ်​ စိုးစဉ်​တစိမှ မရှိပါ..

"မင်း​ကြောင့်​ပဲ.. ထိုက်​.. မင်း​ကြောင့်​ ငါ .. "

သူ တီးတိုး ​ရေရွတ်​လိုက်​မိသည်​..

××××××××××××××××××××××××××××××××××××××

"Zero.. "

သူ ထိုက်​ကို လှည့်​ကြည့်​လိုက်​သည်​..

ထိုက်​က သူ့ကို စိုက်​ကြည့်​​နေသည်​..

"ဘာမှ မဟုတ်​ဘူး.. "

ပြောပြီးသူ့ထံမှ မျက်​နှာလွှဲသွားကာ ကန်​​ရေပြင်​ကို စိုက်​ကြည့်​​နေ​လေသည်​..

"ဘာလဲ.. "

ထိုက်​က ဘာမှ မ​ပြောပဲ ​ရေငုံနှုတ်​ပိတ်​​နေ​တော့ သူ ထိုက်​ရဲ့ ပုခုံးကို လက်​နှင့်​ ကိုင်​လှုပ်​ပြီး ထပ်​ကာ ​မေးလိုက်​သည်​..

"ဘာလဲ.. ​"

ထိုက်​က သက်​ပြင်းရှည်​ကြီးတစ်​ခုချပြီး ပြန်​​ပြော​လေသည်​..

When You Fall In Love With A Law Student [Completed]Where stories live. Discover now