Explanation : 1

6.9K 559 6
                                    

When you fall in love က​လေ .. ကျွန်​​တော်​ သက်​သက်​ ထည့်​မ​ရေးလိုက်​တဲ့အခန်းရှိတယ်​..








နောက်​​တော့ ​ကောင်းစစ်​နိုင်းနားက လုယူခဲ့တဲ့ ​သေနတ်​နဲ့ပဲ Zero က ကိုယ့်​ကိုယ်​ကိုယ်​ ပစ်​သတ်​ခဲ့တယ်​.. ဒါက အပိုင်း ၄၆ မှာပါပါတယ်​..



××××××××××××××××××××××××××××××××××××××

Whwn you fall in love ကလေ .. ကျွန်တော် သက်သက် ထည့်မရေးလိုက်တဲ့အခန်းရှိတယ်..

အဲ့တာက အပိုင်း ၄၀ မှာ ကောင်းစစ်နိုင်းနဲ့ Zero တို့ ခေါင်မိုးထပ်မှာ ရုန်းရင်းဆန်ခတ်ဖြစ်တဲ့အချိန်..
နောက်ဆုံး ကောင်းစစ်နိုင်းက Zero ကို သေနတ်နဲ့ချိန်လိုက်တယ်..

အဲ့အချိန်မှာ ရောင်နေဦးက ရောက်လာပြီး အဲ့ပုံကို မြင်သွားတဲ့အခါ သူ့အိမ်မက်ထဲကအတိုင်း ခေါင်မိုးထပ်လည်းဟုတ်တဲ့အပြင် သေနတ်ကိုပါ မြင်သွားတော့ လန့်ပြီး ကောင်းစစ်နိုင်းကို အော်လိုက်တာ..

အဲ့မှာ ကောင်းစစ်နိုင်းက အာရုံလွှင့်ပြီး ရောင်နေဦးကိုလှည့်ကြည့်တဲ့အချိန် Zero က သူ့ကို ချိန်ထားတဲ့ ကောင်စစ်နိုင်းလက်ထဲက သေနတ်ကို ဆွဲယူပြီး ထွက်ပြေးသွားတာ..

ကောင်းစစ်နိုင်းအနေနဲ့ အဲ့ကိစ္စအတွက် အပြစ်ပေးခံရမှာဆိုပေမဲ့ သူက ရောင်နေဦးမျက်နှာညိုးနေတာပဲ ကြည့်ပြီး အခင်းဖြစ်တဲ့နေရာတောင် မနေပဲ အိမ်ပြန်လိုက်ပို့ပေးခဲ့တယ်..

အဲ့နောက်နေ့ သူတကယ်ပဲ အပြစ်ပေးခံခဲ့ရပါတယ်..
သူတို့ရဲ့ စခန်းမှူးဆီက အဆူအငေါက်ခံခဲ့ရပြီး စည်းကမ်းထိန်းသိမ်းရေး ကော်မတီက စစ်မေးတာကို ခံခဲ့ရကာ လစာ ၃ လစာ အဖြတ်ခံခဲ့ရပါတယ်.. ဒါတောင် သူ့သေနတ်လုခံရတာက သူ သတိမထားလို့မဟုတ်ပဲ အရပ်သားတစ်ယောက်ကြောင့် အာရုံလွှင့်တဲ့အချိန်ဖြစ်သွားတာမို့ သက်ညှာခံလိုက်ရတာပါ..

အဲ့အကြောင်းကို ထည့်ရေးရမှာဆိုပေမဲ့.. အဲ့တုန်းက အတွေးက ဒီအမှုကိုပဲ အာရုံစိုက်ပြီး ဆက်သွားချင်တာနဲ့ အမှုအကြောင်းကလွဲပြီး ကျန်တာတွေကို ဖျက်ထားခဲ့တာ..

အခုကျ အဲ့တာကြီးက Plot hole ကြီးလို ဖြစ်နေလို့ ပြန်ပြောပေးတာပါ.. ပြန်ထည့်ဖို့တော့ မရတော့ပေမဲ့. အားလုံးကို ရှင်းအောင်လို့ပါ..

နောက်တော့ ကောင်းစစ်နိုင်းနားက လုယူခဲ့ဲ့တဲ့ သေနတ်နဲ့ပဲ Zero က ကိုယ့်ကိုယ်ကိုယ် ပစ်သတ်ခဲ့တယ်.. ဒါက အပိုင်း ၄၆ မှာပါပါတယ်..

အခုမှ စာဖတ်သူတစ်ယောက်က အဲ့ကိစ္စလေး လာမေးလို့ ကျွန်တော်လည်း ပြောဖြစ်သွားတာ..

မပြည့်မစုံရေးခဲ့တဲ့အတွက် တောင်းပန်ပါတယ်နော်.. 😔😔

နောက်မရှင်းတာမှန်သမျှလည်း လာမေးလို့ရပါတယ်လို့..

When You Fall In Love With A Law Student [Completed]Where stories live. Discover now