ထိုက်တော်စင် ရုံခန်းထဲကို အဟုန်နှင့် ပြန်ဝင်လာခဲ့သည်..
"ဟိန်းမင်း.."
"ဟုတ်ကဲ့... "
"မင်းတွေ့တယ်မလား.. "
ဟိန်းမင်းသည် သူ၏ခေါင်းကို ငုံ့လိုက်ပြီး ပြန်ဖြေလေသည်..
"ဟုတ်ကဲ့.. "
"မင်းအခုပဲ ဒီအမှုကို ဘာမှ ဆက်မလိုက်နိုင်အောင် ပိတ်ပစ်နိုင်တဲ့ သူဆီသွား.. ကိတ်မုန့် ( $$$ ) လက်ဆောင်သွားပို့လိုက်..
ဒီအမှု ဆက်မရှည်ချင်ဘူး..ပြီးတော့ မင်း နောက်ဆို အလုပ်ကို ကောင်းကောင်းလုပ်.. မင်း ပေါ့ဆမှုလေး တစ်ခုကြောင့် ဘယ်လောက် စောက်လုပ်ရှုပ်ရလဲဆိုတာ မင်းမြင်ပြီမလား.. "
ဟိန်းမင်းသည် သူ့စကားကို ဘာမှ မပြောပဲ ငြိမ်သက်စွာပင် နားထောင်နေလေသည်..
"ရပြီ.. ခိုင်းတာ သွားလုပ်တော့.. "
ဟိန်းမင်း သူ့ကို ရုံးခန်းထဲမှာ ချန်ခဲ့ပြီး ညင်သာစွာ တံခါးကိုပိတ်လျက် ထွက်သွားလေသည်..
ထိုက်တော်စင် တစ်ယောက် စဉ်းစားနေမိသည်..
အဲ့လောက် လွယ်လွယ် ပိတ်လို့ရတဲ့အမှုကို သဲကြီးမဲကြီး လိုက်နေတဲ့ စုံထောက်က ဘာလဲ ??
ဒီနေ့ သူတို့ ရုံးဆင်းတော့ သူ VIP လျှို့ဝှက်ခန်းနဲ့ တိုက်ရိုက်ဆက်ထားသော ဓာတ်လှေကားမှ ဆင်းခဲ့ကြသည်..
ဓာတ်လှေကားမှာ ကားပါကင်နဲ့ တစ်ခါတည်း ဆက်ထားပြီး CCTV မရှိသော ရိုးရိုးလှေကား အဝင်ဝတွင် ရှိသည်..
ဓာတ်လှေကားရှေ့တွင်လည်း လျှို့ဝှက်ကင်မရာ တစ်လုံး တပ်ထားသည်မို့ ဓာတ်လှေကားအတွင်းမှ လူရှိမရှိ ကြည့်နိုင်သည်..
သူတို့ ရုံးဆင်းပြီး ကားပါကင်ရောက်တော့ CCTV မှ လူတစ်ယောက်ရှိနေကြောင်းတွေ့ရသည်မို့ မထွက်ပဲ ခဏ ရပ်စောင့်ခဲ့ကြသည်..
YOU ARE READING
When You Fall In Love With A Law Student [Completed]
Mystery / ThrillerBlack-eyed Susan ဆိုတဲ့ ပန်းရဲ့ အဓိပ္ပါယ်ကို သိလား စုံထောက်ကြီး... Black-eyed Susan ပန်းဟာ တရားမျှတမှုကို ကိုယ်စားပြုတယ်တဲ့.. သူ့ကို Flower of justice လို့လည်း ပြောကြတယ်.. Lustitia လို့ ခေါ်တဲ့ Lady of justice လိုပေါ့.. Story by #Hayden_du...