Chapter 32 : Untitled

10.4K 1.7K 24
                                    

"စစ်​နိုင်း... "

"ဟုတ်​ကဲ့.. "

"ထ.. ငါတို့ အခင်းဖြစ်​တဲ့​နေရာ သွားရမယ်​... "

"ဟုတ်​... "

စစ်​နိုင်း တစ်​ဖက်​က ဖုန်း​ပြောမပြတ်​​သေး၍ ဖုန်းကို အုပ်​ကာ ပြန်​ထူးလိုက်​သည်​..

"​အေး... ခ.. ငါ နင့်​ကို ​နောက်​မှ ဆက်​လိုက်​မယ်​.. "

သူ ဖုန်းချကာ သူ့ထိုင်​ခုံမှာ ချိတ်​ထား​သော Raincoat ကို ယူဝတ်​လိုက်​​လေသည်​..

"ဟုတ်​.. ဆရာ.. အဆင့်​သင့်​ဖြစ်​ပြီ.. ကျွန်​​တော်​ ကားသွားထုတ်​လိုက်​​တော့မယ်​.. "

*****************************************

အမှိုက်​ပုံထဲတွင်​ မြင်​​နေရ​သော မြင်​ကွင်းက တစ်​စက်​မှ ရှုဖွယ်​ရာမရှိ .

ခြေ​ထောက်​မှာ ​ခွေ​ထွက်​​နေသည်​..
တစ်​ကိုယ်​လုံး အမှိုက်​​တွေ ကပ်​​နေရုံသာမက.. ပုပ်​နံ့ကလည်း လှိုင်​ကာ ထွက်​​နေ​လေသည်​..

"အ​လောင်းကို ဘယ်​သူ​တွေ့တာလဲ.. "

"Bar က စားပွဲထိုး​လေး ​တွေ့တာ ဆရာ.. "

"လူမဆန်​​အောင် လုပ်​ထားတာပဲ..

လူသတ်​လက်​နက်​က ဘာလဲ.. "

" မသိ​သေးဘူးဆရာ.. မှုခင်းစစ်​​တွေက အခုမှ လမ်းမှာပဲ ရှိ​သေးတယ်​..

ဟော. ​ရောက်​ပြီ.. "

စစ်​နိုင်း ​ပြော​ပြောဆိုဆို လက်​ညိုးထိုးပြလိုက်​သည်​...

မှုခင်းစစ်​​တွေက​တော့ အခင်းဖြစ်​ပွားတဲ့​နေရာကို ​စည်း​တားကာ လုပ်​စရာရှိ​သော လုပ်​ထုံးလုပ်​နည်းများလုပ်​ကြ​လေသည်​..

ခြေရာ​တော့ ​ကောက်​၍ အဆင်​မ​ပြေ.. လမ်းကြား ​ဖြစ်​​သော်​ငြား လူဝင်​လူထွက်​များသည်​မို့ လုပ်​လည်း အပိုပင်​..
အ​လောင်းက အမှိုက်​ပုံးထဲ ​ရောက်​​နေ၍ သဲလွန်​စများကလည်း ​သေချာ​ပေါက်​ အမှိုက်​ပုံထဲတွင်​ပင်​ ရှိ​ပေမည်​..

ထို့​ကြောင့်​ နှစ်​ဖွဲ့ခွဲကာ တစ်​ဖွဲ့က အမှိုက်​​တွေကြား သဲလွန်​စများ ​တွေ့လို​တွေ့ငြားရှာ. တစ်​ဖွဲ့က​တော့ အ​လောင်းကို စစ်​​ဆေး.. ဓာတ်​ပုံရိုက်​ရသည်​..

When You Fall In Love With A Law Student [Completed]Where stories live. Discover now