ကျောင်းဆင်းတော့ သူတို့ မေသဇင်နဲ့ စကားပြောရန် သူ့အခန်းရှေ့က စောင့်နေကြသည်..
မေသဇင်က ခပ်သုတ်သုတ်ပင် သူတို့ ဆီ လျှောက်လာသည်..
သူမ မျက်လုံးက ငိုထားသည့်ထင်.. ဖောင်းမို့နေလေသည်..
သို့ပေမယ့် သူမ မျက်လုံးများသည် တည်ငြိမ်နေလေသည်.. ခဏကလို ကြောက်လန့်နေသော မျက်လုံးများလည်း မဟုတ်တော့ပေ..
မေသဇင်သည် သူတို့နှစ်ယောက်ရှေ့သို့ ရပ်၍ အားတင်းကာ ပြောသည်..
"ယွန်းကို သတ်တာ ကျွန်မပဲ.. "
*****************************************
မေသဇင်က တုန်ရီနေသော နှုတ်ခမ်းများကို သွားနှင့် ဖိကိုက်လိုက်ပြီး လေကို တစ်ဝကြီး ရှူပစ်လိုက်သည်..
"ကျွန်မ ယွန်းကို ဖမ်းသွားတာ သိတော့ ကျွန်မ ကျောင်းကို ပြေးလာခဲ့တယ်..
ကျွန်မ အရင်ဆုံးသွားတာ ရှင်းသန့်ကိုကိုဆီပဲ.. ဘာလို့လဲဆိုတော့ သူက ကျွန်မ စကားတွေကို သက်သေခံပေးနိုင်တဲ့သူလေ..
ဒါပေမယ့် သူအကြောက်အကန်ငြင်းတယ်.. ကျွန်မ ဘယ်လောက် ဒေါသထွက်ရလဲဆိုတာ..
ယွန်းက ဘာအကြောင်းကြောင့် အဲ့လိုကောင်နဲ့ အပြင်သွားဖို့ ချိန်းလိုက်ရတာလဲ..ကျွန်မ ယွန်းအခန်းထဲကို လာခဲ့တယ်..
ကျွန်မတွေ့လိုက်တာက စာတစ်စောင်ပဲ.. သူ့ရဲ့ အိပ်ရာပေါ်တင်ထားတာ.. ကျွန်မ စာကို ကောက်ဖတ်ကြည့်လိုက်တော့ ယွန်းခိုးပြေးဖို့ လုပ်ထားတာ ကျွန်မသိလိုက်တယ်..အဲ့အချိန် ကျွန်မရင်ထဲ ဆူပွက်လာတာက ဒေါသတွေပဲ.. ဒီလို သူ့ကို ထားပြီး ထွက်ပြေးလောက်တဲ့အထိ သရဲဘောကြောင်တဲ့သူကို ကျွန်မထက် သူဘယ်လို သဘောနဲ့ ရွေးချယ်လိုက်သလဲ..
ကျွန်မ သူ့ဘေးမှာနေပြီး ကျွန်တစ်ယောက်လို ခစား ပေးဆပ်ခဲ့ပြီးမှ ကျွန်မရလိုက်တာ သူ့ရဲ့ အသွားထက်တဲ့ စကားကြမ်းတွေနဲ့ ဒီလို အဖြေပဲလား..
YOU ARE READING
When You Fall In Love With A Law Student [Completed]
Mystery / ThrillerBlack-eyed Susan ဆိုတဲ့ ပန်းရဲ့ အဓိပ္ပါယ်ကို သိလား စုံထောက်ကြီး... Black-eyed Susan ပန်းဟာ တရားမျှတမှုကို ကိုယ်စားပြုတယ်တဲ့.. သူ့ကို Flower of justice လို့လည်း ပြောကြတယ်.. Lustitia လို့ ခေါ်တဲ့ Lady of justice လိုပေါ့.. Story by #Hayden_du...