ကျွန်တော် တောကြီးမျက်မည်းထဲ ရုတ်တရက်ရောက်သွားသည်..
ကျွန်တော်မြင်ကွင်းတွင် ဂေါ်ပြားတစ်လက်ရှိသည်..
မြေကြီး ကျွင်းတူးပြီးသား တစ်ကျွင်းရှိသည်..ထို့နောက် ဘေးက မိုးကာပေါ်တွင်လှဲနေသော အလောင်းကို ပွေ့ချီလိုက်သည်.. အလောင်းမှာ ဆယ်ကျော်သက်အရွယ် မိန်းကလေး တစ်ယောက်... မျက်နှာမှာ ဓားဒဏ်ရာတွေ မွှန်းခံထားရသည်...
အသက်ရှိနေသေးတယ်..
ပွေ့ချီလိုက်တော့ ထို မိန်းကလေး၏၏ အသက်ရှူသံ မြှေးမြှေးလေးကို ခံစားလိုက်ရသည်.ထို့နောက် ထို မိန်းကလေးကို မြေကျွင်းထဲသို့ ကောက်ထည့်လိုက်သည်..
ပြီးလျှင် မြေကြီးနှင့် လှမ်းဖို့နေလေသည်...သူ ရုတ်တရက် အိမ်မက်မှ လန့်နိုးလာသည်..
နာရီကြည့်လိုက်တော့ ၁ နာရီ ၄၇ မိနစ်..သူ သက်ပြင်းချလိုက်သည်....
လူတစ်ယောက် သေပြန်ပြီ...သူ့အနေနှင့် ဒီလို လူတွေ သေနေတာကိုမြင်ရတာ လက်ဆောင်ဟု သတ်မှတ်ပြီး စိတ်ဖြေထားသော်လည်း တကယ်တော့ ကျိန်စာနှင့် ပို၍ အလားတူပါသည်..
လောကကြီးမှာ လူတွေ နေ့တိုင်း သေနေကြတာ အမှန်တရား ဖြစ်သော်လည်း ဘယ်သူမှ ထိုသဘောတရားကို နေ့တိုင်း တွေးမနေချင်ပါပေ..မေ့ထားကာ အသက်ရှင်နေတဲ့ အချိန်လေးကို စိတ်ချမ်းချမ်းသာသာဖြင့်သာ ဖြတ်သန်းသွားချင်ကြသည်..
သူ့မှာတော့ ထိုသဘောတရားကို မမေ့နိုင်.. အိမ်မက်ထဲကနေ လူတွေ သေနေတာကို မြင်တွေ့ နေရသောကြောင့် ဖြစ်သည်...
မကယ်နိုင်တဲ့ လူများဖြစ်နေသောကြောင့် ပို စိတ်ဒုက္ခရောက်ရသည်..
သူ မက်တဲ့အိမ်မက်အရဆိုလျှင် အသက် ၁၈ ပင်မပြည့်လောက်သေးသည့် ဆယ်ကျော်သက် ကောင်မလေး..ကြည့်ရတာ အထက်တန်းကျောင်းသူ ဖြစ်မည်..
Uniform ဝတ်ထားသည်လေ..
သို့ ပေမယ့် Uniform ပုံစံက အဖြူအစိမ်း မဟုတ်ပဲ အပေါ်အကျီင်္က အဖြူ အောက်က စကတ်က အပြာဖြစ်ကာ လည်ပင်းတွင်လည်း Necktie လေး ပါသည်မို့ Private ကျောင်းတစ်ကျောင်းမှာ ဖြစ်ပါလိမ့်မည်...
YOU ARE READING
When You Fall In Love With A Law Student [Completed]
Mystery / ThrillerBlack-eyed Susan ဆိုတဲ့ ပန်းရဲ့ အဓိပ္ပါယ်ကို သိလား စုံထောက်ကြီး... Black-eyed Susan ပန်းဟာ တရားမျှတမှုကို ကိုယ်စားပြုတယ်တဲ့.. သူ့ကို Flower of justice လို့လည်း ပြောကြတယ်.. Lustitia လို့ ခေါ်တဲ့ Lady of justice လိုပေါ့.. Story by #Hayden_du...