Chapter 33 : Family

10.2K 1.6K 10
                                    

သူငယ်​ချင်းလို့ အမည်​ခံထားပြီး သူငယ်​ချင်းအဆင့်​ထက်​ ​ကျော်​​နေတာ နှစ်​​ယောက်​လုံးသိ​နေ​ပေမယ့်​ ..

နှစ်​​ယောက်​လုံး ဝန်​မခံဖြစ်​ခဲ့ဘူး..

ငါမင်းကို ချစ်​တယ်​လို့ ​ပြောခဲ့တယ်​..
အဲ့လိုပဲ..

ငါ မင်းကို ချစ်​တယ်​ လို့ မင်း​ပြောခဲ့တယ်​​နော်​.. ၃ ​ခေါက်​တိတိ...

ဒါ​ပေမယ့်​ ငါတို့ ချစ်​သူ​တွေလို့ ဝန်​မခံဖြစ်​ခဲ့ကြဘူး..

ငါတို့က သူငယ်​ချင်းပဲ​လေ..

ဒီလိုနဲ့ပဲ ငါတို့ ​ဝေးခဲ့တယ်​...

××××××××××××××××××××××××××××××××××××××

ညသန်း​ခေါင်​ ကြယ်​​လေး​တွေ အိပ်​စက်​ချိန်​..
စပါးနှံ​လေး​တွေ တိတ်​ဆိတ်​ချိန်​မှာ..
မီးရထားက​တော့ အသံကျယ်​​လောင်​စွာ ဟိန်းဆိုလျက်​ ​လေထုကို ခွင်းကာ အရှိန်​နှင့်​​ပြေး​နေ​လေသည်​..

Zero ရဲ့ ရင်​ခုန်​သံလည်း ထို မီးရထား ခုတ်​​မောင်းသံနှင့်​ စည်းချက်​ညီစွာ ခုန်​လျက်​ရှိသည်​.
သူ့ရဲ့ ပုခုံး​ပေါ်တွင်​​တော့ သူချစ်​ရ​သော ​ကောင်​​လေးက တိတ်​ဆိတ်​စွာ အိပ်​​ပျော်​​နေ​လေသည်​..

သူတို့ ထွက်​​ပြေးလာခဲ့ပြီ...

ဒီ​နေ့ကစပြီး သူတို့နှစ်​​ယောက်​ ကမ္ဘာသစ်​တစ်​ခုကို စ​တော့မည်​ ...

သူ သိပ်​ကို ရင်​ခုန်​​နေပါသည်​...

သူ ထိုက်​မနိုး​အောင်​ သတိထားလျက်​ ရထားရဲ့ မှန်​ပြတင်း​ပေါက်​ကို ဖွင့်​လိုက်​​တော့ ​လေ​အေး​တွေက သူ့ထက်​ငါ တိုးဝင်​လာခဲ့သည်​...

လေနဲ့အတူပါလာသည်​က ည​မွှေးပန်းရဲ့ ချိုအီအီ အနံ့အသက်​​လေး...

သို့​သော်​ ထိုက်​က​တော့ ​လေ​အေးနဲ့ သူ့ မျက်​နှာ ထိသွား​သော​ကြောင့်​ နိုးလာခဲ့​လေသည်​...

"ထိုက်​.. ​ဆောရီး.. ငါ တံခါးဖွင့်​လိုက်​မိတယ်​. နိုးလာပြီလား.. "

"​အေး... ငါ မင်းပုခုံး​ပေါ်မှာပဲ အိပ်​​ပျော်​​နေခဲ့တာလား..
ဆောရီးကွာ... မင်း​ညောင်း​နေ​လောက်​​ရော​ပေါ့.. "

When You Fall In Love With A Law Student [Completed]Where stories live. Discover now