သူတို့နှစ်ယောက် ကားဆီသို့ လျှောက်လာခဲ့ကြသည်..
ကားပေါ်ရောက်တော့ Seat belt ပတ်လိုက်ရင်း သူ ကားစက်နှိုးလိုက်သည်..
"ကျွန်တော်တို့ နေ့လည်စာ ထမင်း သွားစားရအောင်.. "
ကောင်လေးက စကားဆိုလာသည်..
သူ ချာတိတ်ဘက် လှည့်ကြည့်လိုက်ကာ အံ့သြဟန်ဖြင့် ပြောလိုက်သည်..
"ချာတိတ်.... မင်း မလွန်လွန်းဘူးလား.. ခဏကပဲ တို့ဟူးပျော့စားထားတယ်.. ဖျော်ရည်လည်း သောက်ထားတယ်လေ.. "
"အဲ့လောက်နဲ့ ဗိုက်ဘယ်ဝ မလဲဗျ.. အခု အချိန်လည်းကြည့်ဦး နေ့လည် ၁၂ ထိုးပြီဗျ.. "
သူ မယုံနိုင်စွာ ခေါင်းကို ခါရမ်းမိလေသည်..
"ဒီနားလေးမှာပဲ ကျွန်တော် စားနေကြဆိုင်ရှိတယ်.. အဲ့ကိုပဲ မောင်းပေး.. "
သူ ကောင်လေး ပြောတဲ့ နေရာသို့ မောင်းပေးလေသည်..
"ချာတိတ်... မင်း ဘယ်နှပေါင်လဲ.. "
ကောင်လေးမှ သူ့ကို မျက်စောင်းထိုး ကြည့်လာသည်..
သူ ထိုကလေးဆန်သော မျက်စောင်းထိုးကို ခဏလောက် ငေးကြည့်မိလေသည်.." ပေါင် ၁၂၀... ပြီးတော့ ချာတိတ်လို့ မခေါ်ပါနဲ့.. ကျွန်တော့်မှာ နာမည်ရှိတယ်.. ရောင်နေဦး.. "
သူ ထိုကလေးဆန်သော မျက်စောင်းလေးနှင့် ကလေးဆန်သော စကားများကို သဘောကျကာ ရယ်မိလေသည်..
"ဟား.. ဟား.. "
"ဘာရယ်တာလဲ.. ဘာမှ ရယ်စရာလည်းမပါဘဲနဲ့.. "
"မသိဘူး.... ငါကတော့ မင်းကို ချာတိတ်ပဲ ခေါ်မယ်.. "
ကောင်လေးက သူ့စကားကို လက်လေးပိုက်လိုက်ကာ ပြန်ဖြေသည်..
"ခေါ်ချင်သလိုခေါ်... "
"ရောက်ပြီ.. ဟိုး... ရပ်ရပ်.. "
သူ ရုတ်တရက် ဘရိတ်အုပ်လိုက်ရသည်..
"မင်း မရောက်ခင် ပြောထားလို့မရဘူးလားကွာ.... အမြဲ အော်ကြီးဟစ်ကျယ်နဲ့ လန့်တယ်ကွ.. "
YOU ARE READING
When You Fall In Love With A Law Student [Completed]
Mystery / ThrillerBlack-eyed Susan ဆိုတဲ့ ပန်းရဲ့ အဓိပ္ပါယ်ကို သိလား စုံထောက်ကြီး... Black-eyed Susan ပန်းဟာ တရားမျှတမှုကို ကိုယ်စားပြုတယ်တဲ့.. သူ့ကို Flower of justice လို့လည်း ပြောကြတယ်.. Lustitia လို့ ခေါ်တဲ့ Lady of justice လိုပေါ့.. Story by #Hayden_du...