Chapter 12 : I feel comfortable when I'm with you!!

13.3K 1.8K 67
                                    

"​ရောက်​ပြီ .. စုံ​ထောက်​ကြီး.. "

သူ ကားရပ်​​ပေးလိုက်​သည်​.. ​ကောင်​​လေးက Seat belt ကို ဖြုတ်​ကာ သူ့ရဲ့ လက်​စွဲ​တော်​ လွယ်​အိတ်​အမည်းကို လွယ်​လိုက်​​လေသည်​..

"မနက်​ဖြန်​မှ ​တွေ့မယ်​ စုံ​ထောက်​ကြီး.. "

"မနက်​ဖြန်​ ဘယ်​နှနာရီ​လောက်​လဲ.. "

"မသိ​သေးဘူး.. ​ကျွန်​​တော်​က အိပ်​​ပုတ်​ကြီးတဲ့သူဆို​တော့ ​စော​စော​တော့ မထနိုင်​ဘူးဗျ.. ၁၀ နာရီ​လောက်​​ပေါ့.."

"ဒါနဲ့.. မင်းကို အိမ်​ထိ လိုက်​ပို့တာ​တောင်​ ငါ့ကို အိမ်​ထဲဝင်​ပြီး ​​ရေ​နွေးကြမ်း​လေး​သောက်​ပါဦး လို့​တောင်​ ​လောကွတ်​မ​ချော်​တတ်​ဘူးလား.. "

သူ ​ဖာသိဖာသာ ​ဖြင့်​ ကားတံခါးကို မပိတ်​​သေးပဲ ​ခေါင်းငုံ့ကာ ​စကား​ပြော​နေ​သော ​ကောင်​​လေးကို ​မေးလိုက်​သည်​..

ကောင်​​လေးက သူ့အ​မေးကို ​ခေါင်းငုံ့၍ ပြန်​​ဖြေသည်​..

"ကျွန်​​တော်​က တစ်​ကိုယ်​တည်းသမား.. အိမ်​မှာ ​ကော်​ဖီထုပ်​နဲ့ ​ခေါက်​ဆွဲထုပ်​ပဲ ရှိတယ်​.."

"​အေး.. အဲ့တာဆို ​ကော်​ဖီ​သောက်​ရင်း ​ခေါက်​ဆွဲပြုတ်​စားချင်​တယ်​ကွာ.. ငါလည်း အိမ်​ပြန်​ရင်​ တစ်​​ယောက်​တည်းပဲ.. မင်းအိမ်​မှာ တစ်​ခါတည်း စားလိုက်​​တော့မယ်​.. "

သူ ​ပြော​ပြောဆိုဆိုပဲ ကားစက်​သတ်​လိုက်​ပြီး ကား​ပေါ်က ဆင်းလိုက်​သည်​..

ကောင်​​လေးက ​တော့ ဘာမှ မ​ပြော​တော့ပဲ အိမ်​တံခါးဖွင့်​​နေသည်​...

ကောင်​​လေးရဲ့ အိမ်​က နှစ်​ထပ်​ တိုက်​ဖြစ်​သည်​..အိမ်​က ​တော်​​တော်​ကြီးပြီး အို​ဟောင်း​နေသည်​. သို့​သော်​ ​ရှေးအိမ်​ဆိုသည့်​အတိုင်းပင်​ ​ဟောင်း​နေ​ပေမယ့်​ ပုံစံနှင့်​ပင်​ ခိုင်​ခံမည့်​ပုံပင်​.. ကြည့်​ရတာ ဘိုးဘွားပိုင်​အိမ်​နှင့်​ တူသည်​... ​ဘေးတွင်​ အိမ်​အ​ပေါ်ထပ်​သို့ တစ်​ခါတည်း တက်​လို့ရသည့်​ ​လှေကားရှိကာခြံကလည်း ​တော်​​တော်​ကျယ်​သည်​..ခြံကို သံဆူးကြိုးနှင့်​ကာထားပြီး အိမ်​ကလည်း လမ်းကြား​လေးထဲမှာ​ ​ချောင်​ကျပါသည်​..

When You Fall In Love With A Law Student [Completed]Where stories live. Discover now