Chapter 31 :

10.4K 1.6K 17
                                    

အစိုးရ ရုံးပိတ်​ရက်​ဖြစ်​​သော​ကြောင့်​ ပန်းခြံထဲတွင်​ လူများ စည်​ကားလျက်​ရှိသည်​..

သူတို့ ​ရှေ့တွင်​ ရှိ​သော မိသားစုတစ်​စု​လေးတွင်​ အ​ဖေဖြစ်​သူနှင့်​ အ​မေဖြစ်​သူက မြက်​ခင်းပြင်​​ပေါ် ထိုင်​ပြီး ယူလာ​သော စားစရာများ စားရင်း စကား​ပြောရင်း ကြည်​နူး​နေကြသလို သူတို့ရဲ့ က​လေးနှစ်​​ယောက်​ကလည်း ​ဘေးနားတွက်​ ကစား​နေကြသည်​..

ရာသီဥတုကလည်း သာယာ​ပေမယ့်​ ​နေက ​အေး​အေး​လေးပဲ သာ​နေတာ​ကြောင့်​ အားလုံးက ဒီလို ရှားပါး​သော ​နေ့ရက်​တွင်​ ​နေပူဆာလှုံရင်း စိတ်​ချမ်းချမ်းသာသာ ဖြတ်​သန်း​နေကြ​လေသည်​..

" စုံ​ထောက်​ကြီး... ​ရှေ့က မိသားစု​လေးကို အားမကျဘူးလား.. ?? "

" ဘာဖြစ်​လို့လဲ.. "

"​ပြောရမယ်​ဆိုရင်​ အဲ့ လူကြီးနဲ့ စုံ​ထောက်​ကြီးနဲ့ဆို အသက်​တူတူ ​လောက်​ပဲ​လေ.. သူ​တောင်​ မိန်းမနဲ့ က​လေး​တွေနဲ့ .. ​နွေး​နွေး​ထွေး​ထွေး ဘယ်​​လောက်​ ကြည်​နူးဖို့​ကောင်းလဲ..
စုံ​ထောက်​ကြီးကျ​တော့ တစ်​​ယောက်​တည်း​နေ.. ထမင်း​တောင်​ ကျွန်​​တော်​ ချက်​​ပေးလို့ ​ကောင်း​ကောင်းစားရတာမလား.. အရင်​ကဆို ထမင်း​အေး ဟင်း​အေး​တွေပဲ စား​နေခဲ့ရတာ.. "

"အဲ့ဟာ​တွေ မယုံနဲ့ ​ကောင်​​လေးရ.. ​​တွေ့တဲ့သူက ခဏပဲ ​တွေ့ပြီး အားကျ​နေကြတာ..
တကယ့်​​နောက်​ကွယ်​မှာ ​ကျွေးဖို့ ရှာရ.. လင်​မယားချင်းရန်​ဖြစ်​ရ.. ပြဿနာ အ​တော်​ရှုပ်​တာ..

ရည်းစားသနာ ​အတွဲ​တွေ ​တွေ့လည်း သိပ်​အားမကျနဲ့.. သူတို့က လူ​ရှေ့သူ​ရှေ့မှာသာ သူမတူ​အောင်​ ရိုပြတာ.. ​နောက်​ကွယ်​ဆို တကယ့်​ ပျက်​စီးခြင်းငါးပါး ဆိုက်​​နေ​ရောပဲ..

အခုငါ့ဆို ကြည့်​​လေ.. ​အေး​ဆေးပဲ.. အပူ​တွေ ​ခေါင်းထဲ မရှိဘူး.. ကိုယ်​ရှာတာ ကိုယ်​စား.. ဝယ်​ချင်​တာဝယ်​.. "

ကောင်​​လေးက ​မှောက်​လျက်​ လှဲ​နေရင်း ​ရှေ့က ခြင်းထဲမှ ​မြေပဲဆံကို လှမ်းနှိုက်​စားသည်​..

When You Fall In Love With A Law Student [Completed]Where stories live. Discover now