သူနှင့် ချာတိတ်တို့ နောက်နေ့မှာပင် Ambition Private school သို့ လာခဲ့ကြသည်..
ကားပေါ်က ဆင်းသော အခါ ကောင်လေးက ပြောသည်..
"စုံထောက်ကြီးကပဲ ကျောင်းအုပ်နဲ့ သွားတွေ့လိုက်ပါ.. ကျွန်တော် နေခဲ့မယ်.. "
သူ ဘာမှ ထပ်မပြောတော့ပဲ ကျောင်းအဆောက်အဦးထဲသို့ ဝင်ခဲ့လေသည်..
အစာင့်က သူနှင့် ချာတိတ်ကို ဝင်ခွင့်ကတ်ပြား ပေးသည်..
ထို့နောက် ဧည့်စာရင်းမှတ်သည်.."ကျောင်းအုပ်ကြီးနဲ့ တွေ့ချင်လို့ပါ.. "
သူက အစောင့်ကို ပြောလိုက်တော့ အစောင့်က ဖုန်းဆက်ပေးသည်..
ထို့နောက် ဖုန်းကို လက်နှင့်ကာကာ သူ့ကို ပြန်မေးလေသည်..
"အစ်ကို Appointment ရှိတာလားခင်ဗျ.."
ထိုအခါ သူ့ရဲ့ မှတ်ပုံတင်ကဒ် ထုတ်ပြလိုက်သည်..
"စုံထောက် ကောင်းစစ်နိုင်းပါ...အရေးတကြီး မေးစရာ ကိစ္စရှိလို့ပါ.. "
ထိုအခါ အစောင့်က ဖုန်းထဲက တစ်ယောက်ယောက်ကို ပြန်ပြောပြလေသည်..
ထို့နောက် ဖုန်းကို ချလိုက်ကာ သူ့ကို ပြန်ပြောသည်..
"အကိုတို့ ခဏလောက် ထိုင်ပါဦး.. ဆရာကြီးက ကြိုဖို့ တစ်ယောက်ယောက် လွှတ်လိုက်မယ် ပြောပါတယ်.. "
သူနဲ့ ချာတိတ်တို့ အစောင့် ညွှန်ပြသော ခုံတွင် ဝင်ထိုင်လိုက်သည်..
နေကလည်းပူနေတာကြောင့် ထိုင်ပြီး မကြာခင်တွင် ချွေးများ စို့လာသည်..
ထိုစဉ် မိန်းမတစ်ယောက်က သူတို့ဆီလာ၍ စကားပြောလေသည်.."ဟုတ်ကဲ့.. အစ်ကိုတို့ ခဏက စုံထောက်တွေထင်တယ်.
ကျွန်မက ဒေါ်ငယ်ယဉ်ထွေးပါ.. ဆရာကြီးရဲ့ လက်ထောက်ပါ. "သူတို့နှစ်ယောက်လုံးထိုင်ရာမှ ထရပ်လိုက်သည်..
"ဆရာကြီးက ကြိုခိုင်းလိုက်လို့ပါ.. ကျွန်မနောက် လိုက်ခဲ့ပါရှင့် . "
YOU ARE READING
When You Fall In Love With A Law Student [Completed]
Mystery / ThrillerBlack-eyed Susan ဆိုတဲ့ ပန်းရဲ့ အဓိပ္ပါယ်ကို သိလား စုံထောက်ကြီး... Black-eyed Susan ပန်းဟာ တရားမျှတမှုကို ကိုယ်စားပြုတယ်တဲ့.. သူ့ကို Flower of justice လို့လည်း ပြောကြတယ်.. Lustitia လို့ ခေါ်တဲ့ Lady of justice လိုပေါ့.. Story by #Hayden_du...