သူမ အခန်းတံခါး ခေါက်လိုက်သော အခါ ဝင်ခဲ့ ဟူသော အသံလွင်လွင်လေးကို ကြားရလေသည်..
သူမ တံခါးကို အသာလေး ဖွင့်၍ ဝင်ခဲ့လေသည်...အချိန်မှာ ည ၁၂ နာရီ ကျော်ပြီ ဖြစ်၍ အကုန်လုံးက အိပ်မောကျနေကြသည်..
ယွန်းကတော့ ဝရံတာတွင်ထွက်ကာ အပြင်ကို ငေးကြည့်နေလေသည်..
သူမရဲ့ ညအိပ်ဝတ် ဂါဝန် အဖြူရောင် လေးနဲ့ ဆံနွယ်ရှည်လေးများသည် တစ်ချက်တစ်ချက် လေအတိုက်တွင် လွှင့်လာသည်ကို ကြည့်ရသည်မှာ တကယ့် ကဗျာထဲက အလှတရားပင်အလားပင်.."ယွန်း.. ငါ ပြောစရာ ရှိလို့.."
မေသဇင် ပြောရင်းဆိုရင်း ကုတင်ပေါ်ဝင်ထိုင်လိုက်မိသည်..
"ပြောလေ.."
ယွန်းက သူမကို လှည့်ပင်မကြည့်ချေ.. သူမ သူမရဲ့ နှလုံးခုန်သံကို တည်ငြိမ်သွားအောင် အတတ်နိုင်ဆုံး ကြိုးစားနေမိသည်..
ဒီအချိန်ပဲ.. အခုအချိန်မှ မပြောဖြစ်ရင် သူမ နောင်တရမိမည် ထင်သည်..
အဆင်ပြေမှာပါ.. ယွန်း သူမကို ပစ်ပစ်ခါခါ မလုပ်လောက်ပါဘူး..
"ယွန်း... နင်.. ငါ လေ.. မဟုတ်ဘူး.. မနက်ဖြန် သီတင်းကျွတ် ကျောင်းအပြင်ထွက်ရမယ်မလား.."
"အင်း.."
"အဲ့တာလေ.. ငါ... "
သူမ ပါးစပ်က မထွက်ပါချေ.. စိတ်လှုပ်ရှားလွန်း၍ အသံများပင် တုန်နေရသည်..
သူမ အသက်ရှုတာ မြန်လွန်းလို့လားမသိ.. တိတ်ဆိတ်လွန်းတဲ့ ညတွင် သူမ နှလုံးခုန်သံ သူမပြန်ကြားနေရသည်..သူမ မျက်လုံးကို စုံမှိတ်ပစ်လိုက်သည်..
"ငါ.... ငါ.. နင့်ကို.."
"ရွံလိုက်တာ..."
သူမ စကားပင် မဆုံးသေးခင် ယွန်းဆီမှ စကားသံ သဲ့သဲ့ ထွက်လာလေသည်..
"ယွန်း.. ဘာပြောတာလဲ.."
(စကားပြောနည်းနည်း ကြမ်းပါမယ်နော်..)
YOU ARE READING
When You Fall In Love With A Law Student [Completed]
Mystery / ThrillerBlack-eyed Susan ဆိုတဲ့ ပန်းရဲ့ အဓိပ္ပါယ်ကို သိလား စုံထောက်ကြီး... Black-eyed Susan ပန်းဟာ တရားမျှတမှုကို ကိုယ်စားပြုတယ်တဲ့.. သူ့ကို Flower of justice လို့လည်း ပြောကြတယ်.. Lustitia လို့ ခေါ်တဲ့ Lady of justice လိုပေါ့.. Story by #Hayden_du...