Chpater 40 : Fear

9.7K 1.5K 34
                                    

ဆောင်းရာသီထဲ ထူးထူးခြားခြား မိုးက သည်း​နေသည်​..

ဆင်​​ခြေဖုံးရပ်​ကွက်​မို့ မြို့ထဲကလို ကားသံ​တွေ ဆူညံ​နေတာမျိုးမရှိ..

တစ်​​လောကလုံး ​မိုး​ပေါက်​​တွေ ​ခေါက်​မိုးကို ရိုက်​ခတ်​​သော တဒုန်းဒုန်းအသံကသာ ကြီးစိုး​နေသည်​.. ထိုအသံနှင့်​ ကာရန်​ညီ​နေသည်​က သူ့နှလုံးခုန်​သံ..

သူ အခုန်​မြန်​​နေ​သော ရင်​ဘတ်​ကို ​ခဏ​လောက်​ ဖြစ်​ဖြစ်​ ငြိမ်​​သွား​စေရန်​ လက်​နှင့်​ ထိထားမိသည်​..
သို့​သော်​ အ​ကြောင်းမထူး...

လူသတ်​သမား အခန်းထဲ ဝင်​သွားသည်​ကို ​တွေ့လိုက်​​ပေမယ့်​.. အစီအစဉ်​နှင့်​မို့ သူ အပြင်​က ကား​ပေါ်မှာသာ ​စောင့်​​နေရသည်​..

မိုးစက်​ရိုက်​ခတ်​သံ​တွေ ဆူညံ​နေတဲ့ကြားက ​​ဘေးမှာ ထိုင်​​နေ​သော ​ကောင်​​လေးရဲ့ အသက်​ရှူသံခပ်​ပြင်းပြင်းကို ကြား​နေရသည်​..

သို့​ပေမယ့်​ သူ ​ကောင်​​လေးဘက်​ လှည့်​မကြည့်​ဖြစ်​ပါ..
သူ ထို အိမ်​တံခါး​ပေါက်​ ဖြူဖြူ​လေးကိုသာ စိုက်​ကြည့်​​နေမိသည်​..

အထူးတပ်​ဖွဲ့က​တော့ အိမ်​ကို ဝိုင်းထားပြီးဖြစ်​​လေသည်​..

သူကြည့်​​နေတုန်း တံခါး​ဘေးက လက်​နက်​ကိုင်​တပ်​ဖွဲ့ဝင်​များ တံခါးကို ဖျက်​ကာ အတင်းစီးနင်း ဝင်​သွားသည်​..

သူချက်​ချင်းကားတံခါးဖွင့်​ကာ အပြင်​ထွက်​လိုက်​သည်​...

"ခွမ်း... "

အိမ်​​ဘေး လမ်းကြားမှ မှန်​ကွဲသံကို သူကြားလိုက်​သည်​မို့ ချက်​ချင်း လှည့်​ကြည့်​မိလိုက်​သည်​..

အနက်​​ရောင်​ ဂျက်​ကက်​ဝတ်​ထား​သော လူတစ်​ယောက်​ ​ပြေးထွက်​သွားသည်​ကို သူ​တွေ့လိုက်​​လေသည်​..

သူ တုံ့ဆိုင်းမ​နေပဲ ထိုလူ​နောက်​​ပြေးလိုက်​သည်​..

ဆင်​​ခြေဖုံးရပ်​ကွက်​ဆိုသည့်​အတိုင်း အိမ်​ တိုက်​တာ အ​ဆောက်​အဦး​တွေက Pattern မကျ..
အိမ်​ကြိုအိမ်​ကြား.. လမ်းကြိုလမ်းကြား ထဲ ​ပြေးလိုက်​ရသည်​..

When You Fall In Love With A Law Student [Completed]Where stories live. Discover now