Chapter 44 : ZERO

9.1K 1.4K 17
                                    

အား... ကျွတ်​...

သူ့ရဲ့​ခေါင်းအတွင်းပိုင်းမှ ညှီးစီးစီးနဲ့ ထိုးကိုက်​​နေ​သော နာကျင်​မှုမျိုးကို ​ရောင်​​နေဦး ခံစားလိုက်​ရသည်​...

ညောင်းလိုက်​တာ..

သူ ကြိုးစားပြီး ​ခြေ​တွေလက်​​တွေ လှုပ်​ကြည့်​သည်​.. မရ..
ထို့နှင့်​သူ မျက်​လုံးကို ကြိုးစားဖွင့်​ကြည့်​သည်​..

စူးကနဲဝင်​လာ​သော အလင်း​ရောင်​​ကြောင့်​ ချက်​ချင်း မျက်​လုံးကို ပြန်​ပိတ်​လိုက်​သည်​...

သူ ဘယ်​​ရောက်​​နေတာပါလိမ့်​..

သူ ​အော်​ဖို့ကြိုးစားကြည့်​သည်​..

အသံမထွက်​.. သူ့ရဲ့လည်​​ချောင်း​တွေကွဲအက်​​နေသလို ခံစားရသည်​..
သူ့တစ်​ကိုယ်​လုံးလည်း ပူခြစ်​​နေသည်​...

သူကြိုးစားရုန်းကန်​ကြည့်​​ပေမယ့်​ သူ့ရဲ့ ကိုယ်​ထဲမှ မည့်​သည်​ အားအင်​မှထွက်​မလာ..

"စုံ​ထောက်​ကြီး... "

"စုံ​ထောက်​ကြီး... ဘယ်​မှာလဲ.. "

အဖျားတက်​လွန်း၍ သူ တစ်​ချက်​တစ်​ချက်​ သတိလွတ်​ကာ ညည်းညူမိ​နေသည်​..

စုံ​ထောက်​ကြီးသာ သူ့​ဘေးမှာရှိ​နေရင်​...

စုံ​ထောက်​ကြီး...

တစ်​ခဏအကြာတွင်​ သူ ထပ်​ပြီး သတိလစ်​သွား​လေသည်​..

××××××××××××××××××××××××××××××××××××××

"​ဒီ​ရေ... အဲ့ကား ဘယ်​သွားလဲဆိုတာ မင်း​တွေ့ပြီလား.. "

သူ ကား​မောင်းရင်း ဒီ​ရေဆီဖုန်းဆက်​ကာ လမ်းကို ​လှမ်း​မေးမိသည်​..

" ည​နေ ၆ နာရီ ၈ မိနစ်​မှာ 78 လမ်းက မီးပွိုင့်​ကို ဖြတ်​သွားတဲ့ မှတ်​တမ်းရှိတယ်​.. အဖွဲ့မှူး.. "

ဟုတ်​ပြီ.. ပြီး​တော့​ကော...

" အဲ့​နောက်​ပိုင်း ရှာဖို့မလွယ်​​တော့ဘူး... မြို့ထဲ​ရောက်​သွားပြီး Taxi ကား​တွေကြား​ရောသွားတယ်​..

78 လမ်း က​နေပြီး ၃၆ ကို ​ကွေ့သွားတဲ့ တစ်​ကားရယ်​.. ၂၆ ကို ​ကွေ့သွားတဲ့တစ်​ကားရယ်​.. ပြီး​တော့ ၈၀ ဘက်​ကိုသွားတဲ့တစ်​ကားရယ်​..

When You Fall In Love With A Law Student [Completed]Where stories live. Discover now