Zawgyi
ဂျောင်းဟာ အထက်တန်းကျောင်း..,
ပုံမှန်ကျောင်းတက်ရတဲ့နေ့တွေဆိုရင်တော့..
ဒီအချိန်ဟာ..ထမင်းစားလွှတ်ပေးတဲ့အချိန်မို့်ကျောင်ဝင်းထဲ..ဟိုဟိုဒီဒီ ကျောင်းသူကျောင်းသားတွေ
လှုပ်ရှားသွားလာပြီး စည်ကားနေကြ..။ဒီနေ့တော့...ပထမနှစ်ဝက်စာမေးပွဲကြီး နောက်ဆုံးနေ့ဆိုတော့ကာ...
ကျောင်းသားအကုန်လုံး စာမေးပွဲခန်းထဲမှာ..။တစ်ကျောင်းလုံးတိတ်ဆိတ်လို့..။
ခေါင်းကုတ်ပြီး စာစဉ်းစားနေတဲ့လူတွေ..
ခဲဖျက်ဖျက်တံတွေ ..ပေတံတားသံတွေ..
ဘောပင်ပြုတ်ကျသံတွေ..
အခန်းစောင့်ဆရာဆရာမတွေ လမ်းလျှောက်သံတွေ..
အဲ့တာတွေကလွဲ..အားလူံး ငြိမ်သက်နေသည်..။ဒါပေမယ့်.. အထက်တန်းနောက်ဆုံးနှစ် တန်းခွဲ Bက
ကျောင်းသားကြီးနှစ်ယောက်ကတော့ သူများတွေလို
ငြိမ်ငြိမ်သက်သက်နဲ့စာဖြေမနေ..။ဘယ်ဖြေမလဲ....။
တစ်လုံးနှစ်လုံးစ ကြည့်လာတဲ့စာတွေက..
နှစ်နာရီစာမေးပွဲမှာ..ဆယ့်ငါးမိနစ်လောက်သာ ရေးလိုက်ရသည်...။
ကျန်တာတွေ ဘာမှမသိတော့...။အခန်းထဲမ၀င်ခင်တိုင်ပင်လာကြတဲ့အတိုင်း..
အရှေ့ခုံက ချစ်လှစွာသော သူငယ်ချင်း စံပြကျောင်းသားလေး
ဒိုဂယောင်ဆူး ဆီကနေ စာခိုးချကြဖို့ရန်..
အပြင်းအထန်ကြိုးစားနေကြသည်..။သူတို့ကတော့..တစ်ခြားမဟုတ်..။
အထက်တန်းကစပြီး..အလယ်တန်းအဆုံးမသိသူမရှိ
နာမည် ကျော်ကြားလွန်းတဲ့..
လူဆိုးလူမိုက်ကျောင်းသားကြီး ပတ်ချန်းယောလ်နဲ့
ကင်ဂျုံအင်ပဲ ဖြစ်သည်..။ရုပ်လေးတွေချောကြရဲ့သား..
ဥာဏ်လေးတွေကောင်းကြရဲ့သားနဲ့..
စာမကျက်ပဲ စာမေးပွဲခန်းထဲရောက်ရင်..
ဂယောင်ဆူးဆီကနေ စာခိုးချကြတာ..
မူလတန်းထဲက တစ်စို်က်မတ်မတ်လုပ်လာကြသည့်အလုပ်..။
