မြစ်ကူးတံတား အဝေးပြေး ကားလမ်းမကြီးပေါ်က လူတစ်ယောက်ဟာ လူသွားစင်္ကြန်ပေါ် ဒူးထောက်ထိုင်ကာ ဘာလုပ်နေသည်မသိ။ သူကားမောင်းရင်းနှင့် အဝေးကနေထိုလူအား ကြည့်လာခဲ့သည်။ နီးကပ်လာလေ ထိုသူရဲ့အပြုမူက ထင်ရှားလာလေ။ တသိမ့်သိမ့်တုန်နေတဲ့ ထိုလူသည် ငိုနေသည်လား။ သူကားကို အရှိန်လျော့ရင်း မလှမ်းမကမ်းကနေ ကြည့်နေမိသည်။ စပ်စုတတ်သည့် သူမဟုတ်သော်ငြား အကူညီပေးရလိုပေးရညား
ကြည့်နေခြင်း။အိုး..ဒီကောင် အော်ဟစ်ပြီးတောင် ငိုနေတာလား?
နားထဲတိုးဝင်လာသော ထိုသူရဲ့ အားမလိုအားမရ ငိုကြွေးသံ။ သူတစ်ပါးရဲ့ ပူဆွေးမှုကို မလှောင်ရယ်သင့်ပေမဲ့ သူခပ်ရေးရေးလေးပြုံးမိလိုက်သည်။
ကလေးတစ်ယောက်လို ဖြစ်နေတဲ့ သူ့ပုံကအမှန်တော့လဲ သူများအမြင်မှာ အနဲငယ်တော့တစ်မျိုးဖြစ်နေအုံးမည်။ လမ်းမကြီးကို ကျောပေးဒူးထောက်ထိုင်ထားတဲ့ ထိုသူဟာ အချိန်အတော်ကြာအောင် ငို၍မဆုံး။ တစ်ချက်တစ်ချက် ကတ္တရာလမ်းကို ထိုးနှက်ကာ အော်ဟစ်သည်။ ကုန်တင်ကားကြီးတွေသာ သွားနေကြသော ထိုတံတားပေါ် သူလွတ်လပ်စွာ ပေါက်ကွဲနေသည်။ အခြေနေဆိုးလာတော့မည့် ထိုလူ့ပုံကြောင့် သူကားထဲမှထွက်လာရင်း ဒူးထောက်ထိုင်ထားသော သူ့ပခုံးကို ပုတ်လိုက်သည်။အထက်တန်းကျောင်းသားများလား?နဖူးပေါ်ဝဲကျနေသော ဆံပင်တွေက တိုက်ခတ်နေသော လေကြောင့် တလွှင့်လွှင့်။ ရဲတောက်နေသော မျက်ဝန်းဝိုင်းဝိုင်းက ကျနော့အား စူးစိုက်ကြည့်နေသည်။ တုန်ရီနေသော နှုတ်ခမ်းက ကျနော်မြင်ဖူးသမျှ နှုတ်ခမ်းတွေနဲ့ကွဲပြားစွာ ပန်းသီးပုံလေး။ သူကျနော့အား လှည့်ကြည့်ကာ မျက်ရည်တွေ တပေါက်ပေါက်။
"Sorr ...sorry..."
ပခုံးပေါ် သွားထိမိသော လက်ကို ပုတ်ထုတ်လာလို့ အားနာစွာ နောက်ဆုတ်မိလိုက်သည်။ ထို့နောက် မတ်တပ်ရပ်လာသောသူက ကျနော့အားမော့
ကြည့်ရသည့် အနေထား။ စိတ်ပျက်သောအကြည့်
တွေနဲ့ လှည့်ထွက်တော့မည့် သူ့လက်ကို ကျနော်ယောင်ယောင်မှားမှား ဆွဲမိလိုက်သည်။
YOU ARE READING
ဆု (Completed )
Fantasy"မင်းကိုချစ်ရတာ ထင်သလောက်လေးတောင်မင်းအတွက်မထိုက်တန်ခဲ့ဘူး"