စားပွဲပေါ်က တဒူဒူမြည်လာတဲ့ message အသံ ကြောင့် ကွန်ပျူတာဆီက သူ့မျက်လုံးတွေ မယောင်မလည်နဲ့ ဖုန်းလေးဆီအကြည့်ချလိုက်တော့....
ထင်သည့်အတိုင်း ဒိုဂျောင်ဆူးဆိုသည့် ငရစ်လေးဆီက။မျက်နှာချင်းဆိုင်က ဖေဖေရဲ့ဘာလဲဟူသော
အကြည့်ကို မသိသလိုလုပ်ရင်း ဂျောင်ဆူးရဲ့
အနိုင်ယူမည့် စာလေးကိုသာကြည့်လိုက်သည်။
ကျောင်းတက်နေချိန်ကြီးကို ဘာတွေများ လုပ်ချင်ပြန်သည်မသိ။*အခုချက်ချင်း ကျောင်းအားကစားကွင်းဘေးက အပင်ကြီးအောက်ကိုလာခဲ့။
ငါသီချင်းဆိုပြချင်လို့။ အခုချက်ချင်းနော်။
မလာရင် ဒီနေ့တစ်နေ့လုံး အဲ့နေရာကနေ တဖဝါးမှမရွေ့ဘူး*ဂျောင်ဆူးက သူနဲ့စခင်ကတည်းက အနိုင်ယူခြင်းနဲ့ဘဲ။ ချန်ယောလ် အဲ့လို အကြောင်းမရှိအကြောင်းရှာ အနိုင်ယူ ဆိုးတဲ့သူတွေဆို အရင်ကသိပ်အမြင်ကတ်ပေမဲ့ သူနဲ့ကျ အလိုလို လိုက်လျောနေမိတတ်ခဲ့သည်။ သူကလဲ အလိုလိုက်ခဲ့လို့ပဲလားမသိ
ဂျောင်ဆူးရဲ့ အမိန့်ဆန်ဆန်ဂျစ်တိုက်မှုက အခုတလော ပိုပိုဆိုးလာလို့ ဖေဖေကပင် ရိပ်မိနေ
ပြီ။ ကောင်မလေး ရနေပြီလားဟုပင် အမေးခံရသေး။"ဖေဖေ..."
ဒီလိုအခြေနေတွေ ဖေဖေ့ရှေ့မှာ အတော်များနေ
ပြီမို့ မဝံ့မရဲခေါ်မိတော့ မျက်ထောင့်ကြီးနဲ့ကြည့်လာသည့် ဖေဖေ။"ဘာလဲ ချန်ယောလ်။ မင်း ကောင်မလေး မရှိဘူးလို့လဲပြောတယ်။ အမြဲတမ်း အဲ့ဖုန်းထဲ mesg ဝင်လာတိုင်းလဲ မင်းပဲပျာယာခတ်ပြီးသွားရတယ်။
တိတ်တဆိတ်ကလေးများ မွေးစားထားသလား
ငါ့သား"ဖေဖေရဲ့ စိတ်မရှည်စွာခပ်မာမာစကားကို သူသဘောကျကာ ပြုံးမိလိုက်သည်။ ဖေဖေပြောသလိုလဲ ဟုတ်သား။ ဂျောင်ဆူးနဲ့ခင်ရတာ ကလေးလိုက်ထိန်းနေရသလိုဘဲ။
"မဟုတ်ပါဘူး ဖေဖေကလဲ။ သား..သား...သူငယ်ချင်းပါ။ သူက နဲနဲဂျစ်တိုက်တတ်တယ်။ အဲ့တာကြောင့်..."
YOU ARE READING
ဆု (Completed )
Fantasy"မင်းကိုချစ်ရတာ ထင်သလောက်လေးတောင်မင်းအတွက်မထိုက်တန်ခဲ့ဘူး"