ဆု (11) ZawGyi & Unicode

890 125 25
                                    


' Darling.....

ငါ့ကိုမုန်းသွားမယ်ဆိုတာထက် နာကျည်းသွားမယ်လို့ပဲယုံကြည်ပါရစေ။ Darling ငါ့ကိုဘယ်တော့မှ မမုန်းဘူးလို့ ပြောခဲ့တာတွေက အလကားမဟုတ်ဘူးမို့လား။ ပြီးတော့ ငါ daling ကို အရမ်းချစ်တယ်ဆိုတာလဲ ယုံကြည်ပေးပါနော်။ အခုလို ထွက်သွားရတာက တစ်ကိုယ်ကောင်းဆန်တယ်ဆိုပေမဲ့ ဒါက..ဒါက ငါ့ရည်မှန်းချက်လေ။ Darling နားလည်တယ်မို့လား...ဟိုးအရင်ထဲက ငါသီချင်းဆိုတာကို ဘယ်လောက်ထိ ရူးသွပ်တယ်ဆိုတာ။ စီနီယာချန်းက Darling အလုပ်သွားတဲ့အချိန်မှာ ဖုန်းဆက်ပြီး ငါ့ကိုလိုက်လာဖို့ခေါ်ခဲ့တယ်...အခုချိန်က ငါ့အတွက် သေချာတယ်တဲ့။ တောင်းပန်ပါတယ်...ငါ darling ကို ပြောပြဖို့လုံးဝ ယုံကြည်ချက်မရှိခဲ့ဘူး။ ဒီလိုလုပ်သွားလို့ ငါသားလေးနဲ့ darling ကို ပြစ်ထားခဲ့တာ မဟုတ်ဘူးနော်။ ငါ့ဘဝမှာ အချစ်ရဆုံးတွေရှိလာရခြင်းက darling နဲ့ သားလေးကြောင့်ပဲ။ အချိန်တစ်ခုရောက်ရင် ငါသေချာပေါက် darling ဆီပြန်လာမှာ။ သာယာတဲ့မိသားစုဘဝလေးကို darling နဲ့အတူ ဖြတ်သန်းမှာ။ ဒါပေမဲ့ အခုတော့ ငါ့ကိုနဲနဲလောက် လွှတ်ပေးကြည့်ပါ....။ အခုချိန် ငါ့လက်ထဲရှိနေရမဲ့ သားလေးကို darling လက်ထဲ ထိုးအပ်ခဲ့မိလို့လဲ ငါဘယ်တော့မှ အပြစ်ကင်းတယ်လို့ ခံစားရမှာမဟုတ်ပါဘူး။ နောက်ပြီး ငါလေ သားလေးအတွက် နာမည်စဉ်းစားထားတယ် သိလား။ ပတ်ခ်ဂျွန်ယောင်း...ဘယ်လိုလဲ Darling ကြိုက်လား။ အစထဲက သားနာမည်မှာ ငါ့နာမည်ထည့်ဖို့ လုံးဝစိတ်ကူးမရှိခဲ့ပေမဲ့ darling ကိုဆိုးချင်လို့သာ လျှောက်ပြောခဲ့မိတယ်...။ ဒီနာမည်ကို darling ကြိုက်မှပဲပေးပါ။
ငါက ငါ့စိတ်ထဲရှိတာလေး ပြောပြရုံပဲ။
ချစ်တယ် darling...ပြီးတော့ ငါ့ဆုံးဖြတ်ချက်အတွက်လဲ တောင်းပန်ပါတယ်။ တနေ့ darling
ဆီပြန်လာမှာမို့ ကျေးဇူးပြုပြီး ငါ့ကိုမမေ့လိုက်ပါနဲ့....´

ကျနော် လက်ထဲကစာကို ကျစ်ကျစ်ပါအောင်ဆုတ်ရင်း မျက်ရည်တွေက ဝမ်းနည်းဒေါသမှုတွေနဲ့ တပေါက်ပေါက်ကျလာသည်။

ပုခက်ထဲမှာ ဘာအပြစ်မှမရှိတဲ့ နှစ်ပတ်သာရှိသေးတဲ့ သားလေးက အိပ်မောကျနေတုန်း။

မနက်ထထချင်း အရိပ်အယောင်တောင်မရှိတော့တဲ့ သူကတော့ ဒီစာလေးတစ်စောင်နဲ့ အရာရာကို
ပေါ့ပျက်ပျက်နဲ့ ပြစ်ထားခဲ့နိုင်တယ်။

ဆု (Completed )Where stories live. Discover now