ဆု (23) ZawGyi & Unicode

666 129 72
                                    


ဘားတစ်ခုထဲ ချန်းကသူပုံစံကို သတိမထားမိအောင် ဦးထုပ်ကိုခပ်ငိုက်ငိုက်ဆောင်း၊ အင်္ကျီကိုလဲဖားဖားယားယားနဲ့ ပုံမကျပန်းမကျကြီးဝတ်ပြီး ဝင်လာခဲ့ရသည်။ ဘားမှာဆို သိတဲ့အတိုင်း စကီအလန်းလေးတွေနဲ့ ယောက်ျားမိန်းမဘယ်သူမဆို မိမိုက်နေအောင် ဝတ်ပြီးမှသာလာကြတာမဟုတ်လား။ အခုသူ့ပုံစံက မဝတ်မစားတတ်ပုံဖြစ်နေတော့ လူတွေကဟာသတစ်ခုလို သဘောထားရုံကလွှဲလို့ ဘယ်သူမှဂရုမစိုက်။ သူကလဲဂရုမစိုက်နိုင်ပါလေ။

ချန်ယောလ်က ညဘက်ကြီးထွက်လာပါအုံးဆိုလို့ သူ့မှာအလုပ်များနေရာက ထွက်လာပေးရသည်။ နောက်လထဲသူ့မွေးနေ့အတွက် ပြင်ဆင်ပြီး ရင်းနှီးတဲ့ Idol တွေနဲ့အသေးစား show လေးလုပ်ကာ Fan တွေကို Surprise တိုက်ဖို့စီစဉ်နေတာ။ အဲ့ဒီအတွက် သီချင်းတွေပြန်ပြီး စီစဉ်တာမျိုးတွေနဲ့ ပြန်တိုက်ရတာမျိုးတွေကို သူမနေ့ကမှစလုပ်နေရတယ်။

အခုတော့ ဖုန်းဆက်လာတဲ့အသံကပါ နွမ်းလျလျနဲ့မို့ သူ့မယ်မအားမလပ်သည့်ကြားက ချက်ချင်းထွက်လာရတယ်။ ချန်ယောလ်ရဲ့အခြေနေကိုပါ သိထားတော့ စိတ်ညစ်ညစ်နဲ့မဟုတ်တာတွေ လုပ်မိသွားမှာလဲ စိုးရိမ်မိသည်မို့။

တွေ့ပါပြီ။ အရက်ခွက်ကိုကိုင်ကာ ငေးငိုင်နေတဲ့ချန်ယောလ်။ ချန်းသူ့ဘေးနားဝင်ထိုင်လိုက်သည်။

"ဟာ...အကိုရောက်လာပြီ။ "

ရီဝေဝေဖြစ်စပြုနေတဲ့ ချန်ယောလ်က သူ့ကိုမှေးစင်းစင်းနဲ့ ပြုံးပြရင်းဆိုလာတယ်။

"ကဲ ဆိုစမ်းပါအုံး။ ဒီမှာလာပြီး မင်းကဘာဖြစ်နေတာလဲ။ "

"ဒီလိုပါပဲ။ စိတ်လေးနည်းနည်း မကောင်းဘူးဖြစ်နေလို့။ ဟား...ဒါနဲ့အကို့ပုံစံကဘာလဲ။ "

သူ့ဝတ်စားပုံကိုကြည့်ကာ ရယ်နေတဲ့ ချန်ယောလ်ကို မျက်စောင်းထိုးလိုက်သည်။ သူ့ကြောင့်မို့ပဲ ဒီလိုပုံစံနဲ့လာခဲ့ရတာကို။ ချန်းက သူရှေ့ချပေးလာတဲ့ ခွက်ကိုဆွဲယူသောက်လိုက်ရင်း...

"ရယ်မနေနဲ့။ ငါဒီအတိုင်းလာရင် ဖြစ်လာမဲ့ကိစ္စ
မင်းဖြေရှင်းပေးမှာလား။ "

"ဟီး...ဆောရီးအကိုရာ...ကျနော့မှာရင်ဖွင့်စရာ အကိုပဲရှိတာမို့လေ။ "

ဆု (Completed )Where stories live. Discover now