ဆု (3) ZawGyi & Unicode

1.3K 151 27
                                    


"မင်းရဲ့အသံက လူတစ်​​ယောက်​ကို နှစ်​​မြောသွား​အောင်​ စွမ်း​ဆောင်​နိုင်​စွမ်းရှိတယ်​"

သူ့ဘဝမှာ ပထမဦးဆုံး​သော အားတက်​​စေခဲ့တဲ့
comment ​လေးတစ်​ခု။ စီနီယာချန်းရဲ့​ဝေဖန်​မှု
ကြောင့်​ သူမိုက်​ကိုစိတ်​လှုပ်​ရှားစွာကိုင်​ထားရင်းမှ
ဝင့်​ကြွားစွာ ခါးမတ်​ရင်​​ကော့သွားသည်​။

ဒီပွဲက လူသူသိပ်​မသိတဲ့ ပြိုင်​ပွဲအ​သေးစား​လေးမို့
ချန်းလို ဝါရင့်​အဆို​တော်​တစ်​​ယောက်​ကပါ
အကဲဖြတ်​ဒိုင်​လုပ်​လာလိမ့်​လို့ ဘယ်​သူမှမခန့်​မှန်းထားမိ။ ဒါ​ကြောင့်​ ပြိုင်​ပွဲသာလာပြိုင်​တာ အရင်​က​လောက်​​တောင်​ မပြင်​ဆင်​ခဲ့မိဘူး။
ဟို​ကောင်​ချန်​​ယောလ်​​ကြောင့်​ စိတ်​ညစ်​​နေတာ​တွေ​လဲပါမည်​​ပေါ့။

"ဒါ​ပေမဲ့...."

ဂျောင်​ဆူး သူ့ရဲ့ Idol တစ်​​ယောက်​ဖြစ်​တဲ့လူတစ်​​ယောက်​ရဲ့ ​ဝေဖန်​မှုကို ​သေချာအာရုံစိုက်​လိုက်​သည်​။ ဘယ်​သူမှ အ​ကောင်းမ​ပြောခဲ့တဲ့ တစ်​​လျောက်​လုံး ဝါရင့်​အဆိုရှင်​တစ်​​ယောက်​ဆီက ဒီလိုစကားကြားရတာ ဘယ်​​လောက်​​တောင်​ ဂုဏ်​ယူဖို့​ကောင်းလိုက်​သလဲ။

"အဆို​တော်​တစ်​​ယောက်​ဖြစ်​ဖို့ဆိုတာ အသံ​ကောင်းရုံတစ်​ခု​လေးနဲ့ ​ရှေ့ဆက်​လို့မရဘူး။ အသံ​အ​နေအထားနဲ့ အတက်​အကျညီညီဆိုတတ်​ရပြီး ဒီသီချင်းကို ကိုယ်​ဆိုလိုက်​တဲ့အတွက်​​ကြောင့်​ တစ်​ခြားလူရဲ့ရင်​ထဲမှာ ကိုယ့်ရဲ့ခံစားချက်​ကိုပါ တစ်​ခါထဲ ဆွဲသွား​စေရမှာ။ မင်းအခုဆိုလိုက်​တဲ့ သီချင်းမှာ အရှင်းဆုံး​ပြောရရင်​ ခံစားလိုက်​လို့မရဘူး။
တစ်​​ကြောင်းကို တစ်​ကီး​ပြောင်း​နေတယ်​။ မင်းအသံ​လေး​ကောင်းတယ်​ဆိုတာ​လောက်​ပဲ သိလိုက်​တယ်​။ကျန်​တာ​တွေက အဆီ​လျော်​မတည့်​ဘဲ က​လေးဆိုသလိုဖြစ်​​နေတယ်​​။ ဒါ​ပေမဲ့ အသံ​ကောင်းရှိထားတဲ့အတွက်​ ​ဘေးက​လေ့ကျင့်​​ပေးတဲ့ လူတစ်​​ယောက်​ရှိရင်​ ဒီထက်​မက တိုးတက်​လာမှာပါ။ စိတ်​ဓာတ်​မကျပါနဲ့ ဆက်​ပြီး..."

စီနီယာချန်း စကား​ပြောလို့မဆုံးခင်​မှာပင်​ သူဇတ်​ခနဲ လှည့်​ထွက်​ခဲ့လိုက်​သည်​။
သိတယ်​...စိတ်​ဓာတ်​မကျပါနဲ့ ဆိုတဲ့စကားလုံးနဲ့
နောက်​ထပ်​တစ်​ကြိမ်​ ​ကျရှုံးရအုံးမှာ။
ရိုင်းပြစွာအခန်းထဲက ထွက်​လာမိ​တော့ ​ဘေးကလူ​တွေက တအံ့တသြနဲ့ ဝိုင်းကြည့်​​နေ​သေးသည်​။ သူဘာမှ ဂရုမစိုက်​နိုင်​ဘဲ ခုံ​ပေါ်တင်​ထားတဲ့ ​ကျောပိုးအိတ်​ကို ​ဆောင့်​ကန်​ပြစ်​လိုက်​သည်​။

ဆု (Completed )Where stories live. Discover now