ဆု (8) ZawGyi & Unicode

1K 133 32
                                    

နွေဦးကိုအစပြုလာတဲ့ လေရူးလေးတွေက ဟိုး....အဝေးကနေ အပြေးအလွှားလာကြတယ်။

အရှိန်မပြင်းတဲ့နေရောင်လေးက မနက်ခင်းမှာ နွေးနွေးထွေးထွေး ကျရောက်ပေးတယ်။

ဝါနုရောင်ပန်းရိုင်းပင်လေးတွေကတော့ လမ်းမ
ကြီးရဲ့ ဘေးတစ်ဖက်တစ်ချက်ကနေ ထိုးယိမ်းလျက်ပေါ့။

ဟိုးအဝေးကြီးမှာ မြင်နေရတဲ့ တောင်ကုန်းတွေထက်က လေရဟတ်ကြီးတွေကတော့ ဖြေးဖြေးညင်းညင်း လည်ပတ်နေကြသည်။

ငြိမ့်ငြိမ့်လေးနင်းနေတဲ့ စက်ဘီးထက် honey က
ကျနော့ခါးပေါ် တင်းတင်းလေးဆုပ်ကိုင်ထားတယ်။

အချိန်တွေတောင် တစ်နှစ်ကျော်ကြာခဲ့ပြီ။
ယိုင်နဲ့စွာ တည်ဆောက်ထားရတဲ့ အိမ်ထောင်ရေးတစ်ခုက ဟိုယိမ်းဒီယိမ်းဖြစ်ရင်း အချိန်တစ်ခုထိရောက်လာနိုင်ခဲ့သည်။

အတ္တဆန်တဲ့ honey ရဲ့ စိတ်ကလေး အနဲငယ်လျော့လာတယ်လို့ ဆိုရမလား။
အရင်ကလောက် သူ့စိတ်တွေက တဇွတ်ထိုး မဆန်နိုင်တော့ဘူး။

သီချင်းဆိုတာကတော့ အကိုချန်းက အနီးကပ်ဂရုစိုက်ပေးလို့ သူတော်တော်တိုးတက်လာတယ်။
အရင်ကလိုပဲ ပြိုင်တွေရှိတိုင်း ၀င်ပြိုင်တယ်။ အချည်းနီးဖြစ်ခဲ့ပေမဲ့ သူအခုထိ လက်မလျော့ပဲ ကြိုးစားနေဆဲပါပဲ။

ကျနော်ကတော့ အိမ်နဲ့မပတ်သတ်တော့တဲ့လူလို ဒီဘ၀မှာပဲ နှစ်မွန်းရင်း ဘယ်တော့မှလဲ ပြန်သွား
ဖြစ်တော့မယ်မထင်ဘူး။

တစ်လတစ်ခါ မေမေက ဖုန်းဆက်ပြီး အခြေနေမေးရင်း ဖေဖေကတော့ Honey နဲ့ပြတ်နိုင်တဲ့တနေ့မှ အိမ်ပြန်လာဖို့ အမြဲပြောတယ်။
ဘယ်လောက်ပဲ ပြစ်ထားပြစ်ထား ဒီကြားထဲ မသိလိုက်မသိဘာသာ ဘဏ်စာအုပ်ထဲ ပိုက်ဆံတွေ တိုးလာတာတော့ ဖေဖေမှန်း ကျနော်သိသည်။

ကိုယ်ပိုင်အိမ်လေးတစ်လုံး ၀ယ်ပြီးတော့ ပိုက်ဆံက လှစ်လပ်သွားရင်း ကျနော် အရင်ကထက် ပို
ပြီး အလုပ်လုပ်နေရတယ်။

honey ကိုတော့ အိမ်မှာပဲ သူဝါသနာပါရာ အေးအေးဆေးဆေး လုပ်ခိုင်းရင်း အပြင်ထွက် အလုပ်မလုပ်ခိုင်းရက်ခဲ့ဘူးလေ။ သူဘယ်လောက်ပဲ ဆိုးခဲ့ဆိုးခဲ့ ကျနော် ချစ်တာတော့ ချစ်တာပဲလို့ ပြောနိုင်မယ်။

ဆု (Completed )Where stories live. Discover now