ဆု (25) ZawGyi & Unicode

667 129 58
                                    


မနက်အစောပိုင်းမှာတင် Social media ပေါ်တက်လာတဲ့သတင်းက ပြည်သူတွေအတွက် သြချလို့မဆုံးဖြစ်နေသည်။ လူတိုင်းက သူ့ဖုန်းကိုယ့်ဖုန်း မျက်နှာတောင်မလွှဲနိုင်ပဲ အဆိုးဘက်သွားတဲ့ဝေဖန်မှုတွေကို အုတ်အော်သောင်းနင်း ဆဲဆိုပြုကြတယ်။ ဆေးရုံပေါ်က ဂျောင်ဆူးရဲ့ဖြစ်ပျက်မှုက
ခဏတွင်းမှာပင် တစ်ပြည်လုံးသိရုံသာမက မနှစ်မြို့ဖွယ် ဝေဖန်တိုက်ခိုက်မှုတွေကလဲ ချက်ချင်းပင် သူ့အတွက် ကြိုဆိုနေခဲ့ကြသည်။

ဗွီဒိုယိုဖိုင်နဲ့ထွက်လာတဲ့အထဲ ဂျောင်ဆူးဟာ အသက်မရှိတဲ့ကလေးငယ်ကို ထွေးပွေ့ကာ သူ့ကိုယ်သူ အဖေပါလို့ပြောရင်း ငိုကြွေးနေတာတွေ။ လူတစ်ယောက်ရဲ့ခြေသလုံးကို သွားဆွဲဖက်ကာ တောင်းပန်နေတဲ့ပုံရိပ်တွေနဲ့ ချန်းရဲ့တံခါးလာဆွဲပိတ်တဲ့ မျက်နှာကြီးပါ ဒီထဲအဆစ်ပါနေသေးသည်။

ဒီသတင်းတက်လာတာနဲ့ပဲ မကြာသေးခင်က ချန်းနဲ့ဂျောင်ဆူး ဒီဆေးရုံကိုလာခဲ့တဲ့သတင်းတွေပါ ထပ်ဆင့်ပြန်ပေါ်လာခဲ့သည်။ ဒီအခြေနေကိုကြည့်ပြီး Fan တွေရဲ့စိတ်ထဲမှာသာမက တစ်ခြားသူတွေရဲ့ဝေဖန်ချက်တွေဟာ ဂျောင်ဆူးကတိတ်တိတ်ပုန်းကလေးအဖေဖြစ်နေပြီး သူ့ရဲ့နောက်ကွယ်က မိန်းမဟာ ဘယ်သူလဲဆိုတာတွေပါ ရှုပ်ထွေးကုန်
ပြန်သည်။ တစ်ချိန်ထဲမှာပဲ ပိုပြီးရုတ်ရုတ်သဲသဲဖြစ်သွားစေတဲ့ သတင်းက ထပ်ပြီးထွက်လာခဲ့တယ်။

"ယောက်ျားတစ်ယောက်နဲ့ တိတ်တဆိတ်လက်ထပ်ယူကာ ကလေးပါမွေးထားဖွယ်ရှိတဲ့ OSH Ent မှ ဒိုဂျောင်ဆူး။ ထိုကလေးမှာလဲ ဆေးရုံတွင်ရောဂါကြောင့် ယနေ့မနက်မှာပဲသေဆုံးနေပြီဖြစ်ကြောင်း။ "

ဒီသတင်းခေါင်းစဉ်နဲ့ အတူပါလာတဲ့ဗွီဒီယိုကလစ်က လူတစ်ယောက်ရဲ့ခြေထောက်ကို ဆွဲဖက်ထားကာ Darling လို့ပီပီသသခေါ်လိုက်တဲ့ ဂျောင်ဆူးရဲ့အသံ။

ဆိုးလ်းရဲ့လမ်းမပေါ်က လူတွေဟာ တွတ်ထိုးတွတ်ထိုးနဲ့ သူတို့လက်တွေဟာ ဖုန်းကီးဘုတ်ပေါ်မှာ မနားတမ်းလှုပ်ရှားနေကြသည်။

ခေါင်းစဉ်အမျိုးမျိုးနဲ့တက်လာတဲ့ သတင်းတွေအောက် ပလုံစီနေသော ဝေဖန်ချက်တွေကလဲ တစ်ခုပြီးတစ်ခုဆက်တိုက်တက်လို့။

ဆု (Completed )Where stories live. Discover now