ဆု (27) ZawGyi & Unicode

837 124 145
                                    


ကျောက်ဆောင်တွေဆီသို့ အားနဲ့မာန်နဲ့ရိုက်ခတ်လာတဲ့ လှိုင်းလုံးဆောင့်သံတွေဟာ တဝေါဝေါနဲ့ဖြစ်နေသည်။ မလှမ်းမကမ်းမှာ ရှိနေတဲ့ငှက်ကလေးတွေကတော့ ရေလှိုင်းတစ်ခါလာတိုင်း အုပ်စုလိုက်ပျံထွက်သွားလိုက် နောက်ထပ်တစ်ကြိမ်ပြန်ဆင်းလာလိုက်နဲ့ အကြိမ်ပေါင်းများစွာ အဲ့ဒီလိုလုပ်နေကြတယ်။

သူ့ခန္ဓာကိုယ် ရွေ့လျားမှုမရှိတာက မိနှစ်ပိုင်းမျှ
ကြာလာတော့ ရေမှုန်ရေမွှားတွေရဲ့လာစင်မှုက စီးထားတဲ့ အနက်ရောင်ရှူးကိုတောင် စိုရွှဲလုနီးပါးဖြစ်စေခဲ့ပြီ။ လေအေးလေးကတော့ တဖြူးဖြူးနဲ့ လက်ကလွှတ်ကျသွားတဲ့ အမှုန်အမွှားလေးတွေကို ဟိုးအဝေးကြီးဆီ သယ်ဆောင်သွားကြတယ်။

ချန်ယောလ် ပွေ့ပိုက်ထားတဲ့ အရိုးပြာအိုးလေးထဲ
ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ နှိုက်ယူလိုက်ပြန်သည်။ ခဲဖျော့ရောင်အမှုန့်တွေက တစ်ချိန်က မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ အရမ်းလိမ္မာတဲ့ ကလေးလေး။

တိုက်ခတ်သွားသောလေထုထဲ သူ့လက်ကိုဆန့်တန်းလိုက်သည်။ သားက လက်ပြပြီးပျော်ပျော်ရွှင်ရွှင်နဲ့ ထွက်သွားသလိုပါပဲ။ Daddy လို့ခေါ်နေတဲ့အသံလေး နားထဲကြားယောင်မိလာတော့
အဆုံးအဆမရှိ လွှင့်မျောသွားသော အမှုန်တွေကို နှမြောတသနဲ့ မရမကလှမ်းကြည့်နေမိသည်။

ကောင်းကောင်းမွန်နဲ့ တကယ်ရော ပျော်ပျော်ရွှင်ရွှင်ထွက်သွားတာဟုတ်ရဲ့လား သားရေ...

အတွေးလွန်နေမိတာလား မူမမှန်ဖြစ်လာတဲ့ စိတ်အခြေနေလားမပြောတတ်ပေမဲ့ မျက်ရည်စက်လက်နဲ့ ပိုက်ထားတဲ့ အရိုးပြာအိုးကို ငုံ့ကြည့်ထားသည်။

"Darling ......"

တိုးတိုးလျလျခေါ်သံက နောက်ကျောကထွက်လာတော့ သူဖျတ်ခနဲလှည့်ကြည့်မိလိုက်သည်။
ဖျော့တော့နေသော မျက်နှာလေးနဲ့ သိသိသာသာကျသွားသော ခန္ဓာကိုယ်ဟာ သူ့ရှေ့မှာလှဲကျသွားမှာတောင် စိုးရိမ်နေရသည်။ လွယ်တော့မလွယ်ဘူး။ ဒီအထိရောက်အောင် လိုက်လာနိုင်သားပဲ။ 

အံ့သြမိတာက သိပ်မကြာလိုက်။ ခပ်လှမ်းလှမ်းမှာ ရပ်ထားတဲ့ကားထဲကနေ လက်ထုတ်ကာဝေ့ယမ်းပြနေတဲ့ အကိုချန်းကို တွေ့လိုက်ရသည်။ တကယ်ပါပဲ အကိုက ဂျောင်ဆူးကို ဘာလို့ဒီလောက်ထိ လိုက်ကူညီနေမှန်းမသိဘူး။

ဆု (Completed )Where stories live. Discover now