ဆု (22) ZawGyi & Unicode

595 137 45
                                    


"အမှန်က ငါအငိုက်မိသွားခဲ့တာ Darling ရဲ့။ သူကငါ့နောက်ကြောင်းတွေ အကုန်သိနေတဲ့လူလေ။
အဲ့တာကြောင့် ငါ့မှာလဲရွေးချယ်စရာမရှိခဲ့ဘူး။ ငါသူနဲ့အဲ့လို အပေးအယူလုပ်လိုက်တာက မှားမှန်းသိပါတယ်။ ဒါပေမဲ့ Darling  ရယ်...ငါအဲ့ဒီအချိန်တုန်းက Darling နဲ့သားကိုပြစ်ထားပြီး ထွက်ခဲ့တဲ့အချိန်ပဲမလား ? ငါသူနဲ့အပေးအယူမလုပ်လိုက်ရင် ငါ..ငါ...ရင်နာခံပြီး စွန့်စားခဲ့ရတာတွေက အလကားဖြစ်သွားတော့မယ်။ ပြီးတော့ ခြေလှမ်းတစ်လှမ်းပဲလိုတော့တဲ့ ငါ့ရည်မှန်းချက်က သဲထဲရေသွန်ဖြစ်သွားမယ်ဆိုတဲ့အသိနဲ့ ငါမိုက်မဲခဲ့မိတယ်။ ငါမှားခဲ့ပါတယ်။ ရွေးချယ်စရာမရှိခဲ့တဲ့ ငါ့အတွက်.....ထားပါတော့။ ငါ Darling ကို သိစေချင်တာက ငါ...အဲ့လူကို တကယ်နည်းနည်းလေးတောင် စိတ်မယိုင်ခဲ့ဘူးဆိုတာပဲ။ ငါတယ်ကို မလိမ်တာပါ...တစ်လျှောက်လုံး ငါ Darling ကိုပဲ တမ်းတနေခဲ့တာ။ Darling နဲ့သားကိုပဲ ငါတွေးနေခဲ့တာ...ငါအဲ့လူနဲ့အလိုက်သင့်နေပေးခဲ့ရတာတွေက ဘယ်လောက်ထိမွန်းကြပ်လဲသိလား ? "

ထမင်းစားပွဲမှာ ထိုင်ချမိတာနဲ့ ကရားရေလွှတ်ထွက်ကျလာတဲ့ ဂျောင်ဆူးရဲ့စကားတွေက သူကြားဖြတ်ဝင်လို့မရအောင်အထိ မြန်မြန်ဆန်ဆန်နဲ့ပြီးသွားတယ်။

ထမင်းတလုတ်မှမဝင်ခင်မှာပဲ ဂျောင်ဆူးရဲ့ရှင်းပြမှုက ပြီးဆုံးသွားပြီ။ သိပ်ကိုတော်ပါတယ်။ ဒီစကားတွေ သူ့ကိုပြောပြချင်လို့ တမင်ညစာစားသွားဖို့ ဂျောင်ဆူးက တစ်ဖက်လှည့်နဲ့ခေါ်ထားခဲ့ပုံပဲ။

ချန်ယောလ် ဘေးကရေခွက်ကို မော့သောက်ကာ သူ့စကားတွေကို မသိသလိုမကြားသလို ဟန်ဆောင်ထားလိုက်သည်။

"ငါတကယ်ပြောတာပါ Darling ရယ်။ Darling ကလွဲပြီး ငါဘယ်သူ့ကိုမှမချစ်ခဲ့ဘူး။ ဒါကတော့ ငါ့ရဲ့မှန်ကန်တဲ့ သစ္စာ .."

"ငါတို့ညစာပဲစားကြရအောင် ဂျောင်ဆူး။ ကျေးဇူးပြုပြီး နောက်ကြောင်းတွေပြန်မလှန်ပါနဲ့တော့။
ဘယ်လိုပဲပြောပြော ငါကပိုပိုပြီးပဲမုန်းလာနေလို့။ "

ဟင်းမပါတဲ့ထမင်းလုတ်ကို သာမာန်အနေအထားနဲ့ စားလိုက်တဲ့ Darling ကို ငေးကြည့်မိသွားတဲ့ အခိုက်တန့်လေး။ ပိုပြီးပဲမုန်းလာတယ်တဲ့လား ?

ဆု (Completed )Where stories live. Discover now