ဆု (9) ZawGyi & Unicode

995 139 18
                                    


ဟိုးအောက်မှာ ကျန်ထားခဲ့တဲ့ ရေးရေးလေးသာ
မြင်ရတော့တဲ့ ကိုရီးယားမြေကို ကြည့်ရင်း Kyungsoo က သူ့လက်ကို အေးစက်စက်လက်ဖဝါးနဲ့ ဆုတ်ကိုင်လာတယ်။

" ငါ တကယ် ရင်တွေခုန်လွန်းလို့ ဘယ်လိုလုပ်ရမလဲ Darling။ ငါတကယ်ကြီး ကလေးလေးတစ်ယောက်ကို မွေးရတော့မှာနော်။ "

" အင်း မကြာခင် ကိုယ်တို့ကြား ချစ်စရာကလေးလေး ရောက်လာတော့မယ်။ ဘယ်လောက် ပျော်ဖို့ကောင်းလဲ။ "

ဒီတော့ Honey က ပီတိဖြာနေတဲ့ မျက်ဝန်းတွေနဲ့ ကျနော့ကိုကြည့်ရင်း ပြုံးတယ်။ ထို့နောက် ကျနော့ပခုံးပေါ် ခေါင်းမှီရင်း မျက်လွှာချသွားတယ်။

" ဖေဖေတို့မေမေတို့သာ ဒီအကြောင်းသိရင် ငါ့ကို ဘယ်လိုမြင်ကြမလဲမသိဘူး။ သူတို့ဘယ်လောက်ပဲ ငါ့ကိုအပြစ်တင်မုန်းပါစေ....ငါ့ရဲ့ကလေးလေးကိုတော့ သူတို့မမုန်းလောက်ဘူးထင်ပါရဲ့။ "

ထိုစကားနဲ့အတူ လိမ့်ဆင်းသွားတဲ့ မျက်ရည်လေးကို ကျနော်အသာအယာသုတ်ပေးလိုက်ရင်း သူ့ဆံနွယ်တွေဆီ တရှိုက်မက်မက်နမ်းရှိုက်မိသည်။

" မိဘဆိုတာ သားသမီးကို မုန်းတယ်မရှိပါဘူး honey ရယ်။ အဲ့လိုပဲ သူတို့မြေးလေးကိုလဲ သူတို့တွေ့ရင် ချစ်ကြမှာပါ။ ပါးစပ်ကထုတ်မပြောရင်တောင် သူတို့လဲကြိတ်ကြည်နူးနေကြမှာ။"

honey ကိုနှစ်သိမ့်နေပေမဲ့ ကျနော်ကိုယ်တိုင်လဲ ယုံကြည်ချက်မရှိ။ မသေချာတဲ့လမ်းကို ကျနော်နဲ့သူ မျက်စိစုံမှိတ်ကာ လျှောက်ခဲ့ကြပေမဲ့ စိုးရိမ်စိတ်တွေပြည့်နေတယ်ဆိုတာ နှစ်ယောက်လုံးမပြောလဲ သိပါသည်လေ။

ဘဏ်ထဲရှိသမျှ ပိုက်ဆံတွေထုတ်ခဲ့တဲ့နေ့က honey က ကျနော့ကိုသေချာဆုံးဖြတ်ဖို့ နောက်တစ်ခေါက်ပြောတယ်။
တကယ်လို့များ ကလေးယူတဲ့ ကိစ္စသာမအောင်
မြင်ခဲ့ရင် ဒီပိုက်ဆံတွေအကုန် သဲထဲရေသွန် ဖြစ်သွားမည် မဟုတ်လားတဲ့။ ဒါပေမဲ့ ကျနော်ကတော့ စိတ်ပိုင်းဖြတ်ထားပြီမို့ နောက်မဆုတ်တော့ဘူးလို့ ရဲရဲကြီးပြောခဲ့တယ်။

ကျနော်ကိုယ်တိုင် ပူပန်မှုတွေကိုတော့သူ့ကိုမမျှဝေချင်ပါလေ။ ဒီပိုက်ဆံတွေသာ honey ကိုယ်ဝန်ဆောင်နေတဲ့ အချိန်အတွင်း ကုန်သွားခဲ့ရင် နိုင်ငံရပ်ခြားမှာ ဒုက္ခကအကြီးအကျယ်တွေ့အုံးမည်မို့ သူမသိအောင် ဟိုမှာနေရင်း အလုပ်ကခိုးလုပ်ရမည်။ သိသွားလဲ မတတ်နိုင်ပေါ့။ ကိုရီးယားမှာကျန်ခဲ့တဲ့ အိမ်လေးကိုပါ ရောင်းခဲ့ဖို့လုပ်ပေမဲ့ မသေချာတဲ့အနာဂတ်အတွက် honey က ထိုအိမ်လေးကို လက်မလွတ်နိုင်။

ဆု (Completed )Where stories live. Discover now