ဆု (24) ZawGyi & Unicode

646 127 114
                                    


လူသွားလူလာပြတ်လာတဲ့ ပန်းခြံတစ်ခုဘေးက ထိုင်ခုံတန်းလျားလေးမှာ ဘေးချင်းကပ်ရပ်ထိုင်ထားကြပေမဲ့ တော်တော်နဲ့သူတို့ကြား စကားလုံးတွေက ထွက်မလာ။ တကယ်တော့ ဂျောင်ဆူးဘက်က ဖြေရှင်းချက်တွေ မထွက်လာသေးတာ။

သူ့ကိုပဲတစိုက်မတ်မတ်ကြည့်ထားတဲ့ ဆယ်ဟွန်းကို မျက်နှာချင်းမဆိုင်ရဲလောက်အောင် ရှောင်ဖယ်ထားမိပေမဲ့ ဒီအခြေနေက အခုထက် ပိုပြီးဖုံးကွယ်လို့မှ မရတော့လေပဲ။ ဆယ်ဟွန်းရဲ့အကြည့်တွေကတော့ အေးစက်တည်ငြိမ်စွာနဲ့ သူပြောထွက်လာမဲ့စကားကို ဘယ်အချိန်ထိမဆို ထိုင်စောင့်မဲ့သဘောတွေရှိနေသည်။

ဂျောင်ဆူး ကိုင်းထားမိတဲ့ခါးကို ပြန်တည့်မတ်ကာ ဆယ်ဟွန်းဘက် တဖြေးဖြေးနဲ့လှည့်လိုက်သည်။ ဝမ်းနည်းနေခြင်းလား နာကျည်းနေခြင်းလား အမည်ဖော်မရတဲ့ မျက်ဝန်းတွေနဲ့ဆယ်ဟွန်းက သူ့ကို လူသေတစ်ယောက်လိုပဲ မလှုပ်မယှက်နဲ့
ကြည့်ထားပြီး ဘာစကားတစ်ခွန်းမှ မမေးခဲ့ဘူး။

"သူတို့ဒီရောက်နေကြပြီ။ ငါ...ငါလဲ မကြာခင်ကမှ သိခဲ့ရတာအမှန်ပါ။ ဒါပေမဲ့ မင်းထင်သလို ငါတို့အဆင်ပြေနေခဲ့တာ မဟုတ်ဘူးနော် ဆယ်ဟွန်း။ Darling က ငါ့ကိုတော်တော်စိတ်နာနေခဲ့ပြီ။ အခု ငါ့အဖြစ်ကဘယ်လိုလဲသိလား။ ကိုယ့်သားကိုတောင် သူစိမ်းတစ်ယောက်လို ကြည့်နေရတဲ့အနေအထားမျိုးမှာ...ငါ တကယ်ကို ငါ့မိသားစုနဲ့ဘာမှမဆိုင်တော့တဲ့ လူတစ်ယောက်ဖြစ်နေခဲ့ပါ
ပြီ။ ဒါကြောင့် ငါဝန်ခံတယ်။ မင်းမသိအောင် သူတို့ကို ဆက်သွယ်နေခဲ့မိတယ်။ ဘဏ်ကနေ ပိုက်ဆံတွေ ထုတ်သွားတာလဲ မင်းသိနေမှာပေါ့ ဆယ်ဟွန်း။ တောင်းပန်ပါတယ်။ သားကအခု ဆေးရုံပေါ်မှာ တော်တော်ဆိုးရွားတဲ့အခြေနေနဲ့...."

ကျလာတဲ့မျက်ရည်တွေကိုသုတ်ကာ တိုးဝင်သွားတဲ့အသံအတွက် သူပြန်ထိန်းလိုက်ရသည်။

" ဒါပေမဲ့ ငါအဲ့ဒီပိုက်ဆံတွေပြန်ဆပ်ဖို့ အမြဲတွေးနေခဲ့ပါတယ်။ ဂျွန်မြောင်ကမ်းလှမ်းတဲ့ ဇာတ်ကားကိုလက်ခံပြီး မင်းမသိအောင် ပိုက်ဆံတွေပြန်ထည့်ပေးမယ်ဆိုပြီး။ "

"ဒါနဲ့ဘဲ ကိုယ့်ကိုရှောင်နေခဲ့တာလား ? "

ဂျောင်ဆူးက ဘာမှပြန်မဖြေပဲ ငိုင်တိုင်တိုင်နဲ့။

ဆု (Completed )Where stories live. Discover now