ဆု (12) ZawGyi & Unicode

874 119 56
                                    


Training period အတွင်း ကျနော် ဒီနယ်ပယ်ထဲ အလိုက်သင့်နေသားကျလာပြီ။ သားနဲ့ darling  ကိုတော့ သိပ်လွမ်းမိနေသေးတယ်။
စက်ပိတ်ထားတဲ့နံပါတ်လေးကိုလဲ ညရောက်တိုင်း ဆက်ကြည့်ပေမဲ့ ဘယ်တော့မှ ဒီနံပါတ်က အလုပ်မလုပ်တော့ဘူး ထင်ပါတယ်။

ထင်ထားတာထက် Idol ဖြစ်ဖို့က သိပ်ပင်ပန်းတယ် ။ ဘာမှမဖြစ်ခင်သေးမှာပဲ သူ့မှာ အတိုက်အခံတွေရှိနေပြီ။ ပြီးတော့ စီနီယာအနေနဲ့ ရောက်လာတဲ့ ဘတ်ခ်ဟွန်းကိုလဲ သူမျက်နှာချင်းမဆိုင်ချင်တော့ဘူး။ အရင်က ပတ်သတ်ခဲ့တဲ့ သူငယ်ချင်းဆက်ဆံရေးကြောင့် စိတ်ထဲရှက်ရွံ့သိမ်ငယ်မှုနဲ့ အခုထိပြင်မရသေးတဲ့ ဝန်တိုမှုလေး ရှိနေသေးတော့ အမြဲရှောင်မိပေမဲ့ ဘတ်ခ်ဟွန်းကတော့ ဘာမှမဖြစ်ခဲ့ကြသလိုပဲ။

ဘာလို့မှန်းမသိပေမဲ့ လူတိုင်းကဂျောင်ဆူးကို သူများနည်းတူ မဆက်ဆံကြဘူး။ ကြာတော့သူကပဲ ဒီအသိုင်းဝိုင်းထဲ သီးသန့်လိုခံစားလာရတယ်။ စီနီယာချန်းကလွဲပြီး သူ့ကိုသဘောမကျကြဘူးလို့ တွေးမိတဲ့အတိုင်း ဂျောင်ဆူးက သူ့ရဲ့စိတ်ဓာတ်လေးကိုကျ ပြင်ဖို့တော့ မေ့နေခဲ့တယ်ထင်ပါတယ်။

အကလေ့ကျင့်ရလွန်းလို့ တစ်ခါတစ်လေဆို ခြေထောက်တွေက မထောက်ချင်တော့လောက်အောင်ပဲ။ Food diet လုပ်ထားရလို့ ပိုပြီးပင်ပန်းတယ်။ တစ်ခါတစ်လေ ကတဲ့အချိန်တွေ လွန်သွားရင် ဗိုက်ခွဲထားတဲ့သူ့အတွက် လုံးဝအဆင်မပြေတော့ဘူး။ ဖုံးကွယ်ထားရတဲ့ကိစ္စမို့ အရမ်းပင်ပန်းနေရင်တောင် ဘာမှဖွင့်မပြောနိုင်ပဲ ကြိတ်မှိတ်သည်းခံရတာတွေချည်းပဲ။ ဒီကြားထဲ အဆင်မပြေတဲ့ လူတွေနဲ့ နေရတာက စိတ်ဓာတ်ပိုကျစေလာခဲ့တယ်။

" ဒိုဂျောင်ဆူး...အပေါ်က VIP အခန်းထဲကို အခုချက်ချင်းတက်လာပါတဲ့ "

မန်နေဂျာအကိုကြီးတစ်ယောက်က လေ့ကျင့်နေတဲ့အခန်းထဲ အပြေးအလွှားဝင်လာရင်း အမောတကောနဲ့ လာခေါ်တော့ နံရံကိုမှီကာ အနားယူနေတဲ့ ဂျောင်ဆူး အံ့သြတကြီးထရပ်လိုက်မိသည်။

" ကျနော့ကို ??? ဘာဖြစ်လို့လဲ "

"စကားများမနေနဲ့ကွာ။ သွားမဲ့ဟာအမြန်သွား။
ငါထင်တာတော့ ဉက္ကဌအိုက ချက်ချင်းကြီးရောက်လာပြီး.....ကဲကွာ ငါလဲအတိအကျမသိဘူး။
ချန်းက မင်းကိုအမြန်လွှတ်လိုက်ဖို့မှာလိုက်တယ် အမြန်သွားတော့ "

ဆု (Completed )Where stories live. Discover now