ဆု (7) ZawGyi &Unicode

1K 130 49
                                    


ဂျောင်းခနဲမြည်အောင်ပိတ်သွားသော အခန်းတံခါးကိုကြည့်ရင်း ချန်ယောလ် ပြုံးပြုံးကြီးနဲ့ အပျော်လုံးဆို့နေသည်။
သိရက်နဲ့ ဂျီကျပြီး မေးလိုက်တာ တစ်ချိုးထဲကို အခန်းထဲ ပြေးဝင်သွားတော့တာပဲ။
ချန်ယောလ် အပေါ်အင်္ကျီကိုချွတ်ချရင်း အခန်းဆီသို့ ခြေလှမ်းချလိုက်သည်။ အိပ်ယာပေါ် မှောက်ခုံကြီးမှောက်ကာ အရှက်သည်းနေတဲ့ ဂျောင်ဆူးက သူ့ဝင်လာမှန်းသိတော့ ကိုယ်လုံးလေးကျုံ့သွားရင်း မျက်နှာကို အိပ်ယာထဲပိုတိုးနှစ်လိုက်လေသည်။

" Honey...."

နားထဲလေပူတွေ ၀င်သွားအောင် အတင်းကပ်ရင်း
ပြောလာတဲ့ ချန်ယောလ်။ မှောက်ခုံမှောက်ထားတဲ့ သူ့အပေါ်အုပ်မိုးထားတဲ့ အခြေနေမှာ ရှိသမျှအားအင်တွေ ကုန်ခမ်းနေသလို နဲနဲလေးတောင် မလှုပ်ရှားနိုင်ပဲ ငြိမ်သက်နေမိသည်။

"ဟေး...ခုဏက ကောင်လေး ဘယ်ရောက်သွားပါလိမ့်။ ကျနော် ဆိုပြီးနာမ်စားသုံးသွားတဲ့ ကောင်လေးလေ...အဟက်"

"ဖယ်စမ်းကွာ...ငါ ဒီအတိုင်း ပြောထွက်မိသွားတာကို။ "

ဂျောင်ဆူး သူ့ကိုအုပ်ဖက်ထားတဲ့ လက်ကိုတွန်းထုတ်ကာ ဆူပုတ်ပုတ်နဲ့ ကြည့်လာသည်။

" ကိုယ် honey ရဲ့ လက်ဆောင်ကို ဖောက်လို့ရ
ပြီလား "

တံတောင်နဲ့ အိပ်ယာကို ထောက်ထားရင်း ပြုံးစစနဲ့ ဖြစ်နေသည့် ချန်ယောလ်ကို သူရှက်ကိုးရှက်ကန်းနှင့် မျက်စောင်းထိုးပြစ်သည်။
ဘယ်ဟာကို ဖောက်ချင်နေတာလဲ။

" အဲ့လို လုပ်မနေနဲ့ honey ရာ။ ကိုယ်တစ်ကယ်
လုပ်ရတော့မှာလား ပြော။"

" ဘာတွေ လာပြောနေတာလဲ ။ ငါက မင်းအတွက် လက်ဆောင်လို့ပဲ ပြောတာပါ။ ငါ့ကိုလုပ်ပါလို့ ပြောတာမှ မဟုတ်တာ။ "

မျက်လုံးလေး ဟိုကြည့်ဒီကြည့်နဲ့ အ ချင်ယောင်ဆောင်နေတဲ့ လူအလေးကို သူအကြီးကြီးအပြစ်ပေးချင်နေပြီ။ ချန်ယောလ် ဇာတ်ကားထဲက ဗီလိန်တွေလိုပက်ခနဲရယ်ရင်း ဂျောင်ဆူးရဲ့လက်နှစ်ဖက်လုံးကို ဖမ်းချုပ်ကာ ခေါင်းပေါ်မြှောက်တင်ထားလိုက်သည်။ တအင်းအင်းနဲ့ လက်တွေကိုရုန်းကန်နေတဲ့ ဂျောင်ဆူးကတော့ မျက်နှာတွေ နားတွေက ခရမ်းချဉ်သီးဖြစ်လို့။

ဆု (Completed )Where stories live. Discover now