" Darling ~~~ Darling ~~~ "အခန်းထဲကနေ ငိုယိုရင်းပြေးထွက်လာတဲ့ ဂျောင်ဆူးကို ချန်းကအရှေ့ကနေ ကာဆီးထိန်းထားလိုက်ရသည်။
"ကျနော့ကိုလွှတ်ပေး....ကျနော့ကိုလွှတ်ပေးပါ ...Darling နောက် ကျနော်လိုက်သွားမှဖြစ်မယ် စီနီယာရဲ့ "
"စိတ်ထိန်းစမ်း ဂျောင်ဆူး! မင်းအခုလိုပုံစံနဲ့ ဘယ်လိုအပြင်ထွက်ပြီးလိုက်မှာလဲ။ အသိစိတ်ကပ်စမ်းပါကွ ! "
" ဟင့်အင်း ကျနော်...ကျနော် လိုက်သွားမှဖြစ်မယ် "
ငိုကြီးချက်မနဲ့ ဘာကိုမှဂရုမစိုက်နိုင်တော့လောက်အောင်ဖြစ်နေတဲ့ သူ့ကို ချန်းကမရမကနဲ့ အခန်းထဲဆွဲဝင်ခေါ်သည်။ ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ အနေအထားက တကယ်တော့ရူးတော့မလိုစိတ်အခြေနေနဲ့ သူ့အတွက်နည်းတောင်နည်းနေသေးတယ်လို့ ဆိုရမလား ?
ကျောခိုင်းထွက်သွားတဲ့ပုံရိပ်တစ်ခုက နှလုံးသားတစ်စုံကို ရက်ရက်စက်စက်နဲ့ညစ်ချေကာ ဆွဲထုတ်သွားသလို နာကျင်မှုမျိုး။ တစ်စုံတစ်ယောက်ရဲ့ မိမိအားပြစ်ခွာသွားတဲ့ ခြေတစ်လှမ်းဟာ အဲ့ဒီလောက်ထိခံစားစေရမှန်း အခုမှကိုယ်တိုင်ခံစားဖူးလာသည်။ အရင်ကထင်ခဲ့ဖူးတယ်။ ပြိုကွဲပျက်ဆီးတော့မှာသိရက်နဲ့ ရင်နာနာနဲ့အရင်စဖျက်ခဲ့ရတဲ့ဆက်ဆံရေးအတွက် ကျနော်က ပိုနာကျင်ခဲ့ရတယ်လို့လေ။ ဒါပေမဲ့ ကျနော်မှားသွားပြီထင်တယ်။ အခုခံစားနေရတာတွေက အဲ့ဒီတုန်းကထက်အဆပေါင်းများစွာ နာကျင်စေပြီးရင်းသာနာကျင်စေလေရဲ့။ ပြစ်ချထားခံခဲ့ရတဲ့ဘဝက ဘယ်လောက်ထိတောင် ထိခိုက်စေလိမ့်မလဲ ? ပုခက်ထဲက ဘာမှမသိသေးတဲ့ကလေးလေးရယ်...နှစ်ခြိုက်စွာအိပ်မောကျနေတဲ့ Darling ရယ်...
အတွေးထဲတရိပ်ရိပ်ပေါ်လာသော မြင်ကွင်းတွေအတွက် ကျနော်မျက်လုံးတွေကို လက်နှစ်ဖက်နဲ့ဖိချမှိတ်ပြစ်ရင်း အော်ဟစ်ငိုကြွေးမိလိုက်သည်။
.
.
.
.
.
.
.
ငြိမ်သက်သွားတဲ့အခန်းထဲ စီနီယာချန်းရှေ့ ကျနော်အပြစ်မကင်းစွာနဲ့ ခေါင်းငုံ့ချထားမိသည်။ အခုလိုတွေဖြစ်လာမှတော့ ဖုံးကွယ်ထားသမျှ စီနီယာချန်းက မသိပဲနေပါတော့မလား။ အပြစ်တင်ရင်လဲတင်ပါစေတော့...ရှုံ့ချမယ်ဆိုလဲရှုံ့ချပါစေတော့ဆိုပြီး ကျနော်စောင့်နေခဲ့ပေမဲ့ စီနီယာကတော့ စကားတစ်လုံးမှ မထွက်လာ။ သို့ပေမဲ့ အ
ကြည့်မလွှဲကာ စိုက်ကြည့်ထားသည်တော့ အချိန်အတော်ကြာနေခဲ့ပြီ။ ငိုထားလို့အစ်တစ်စွာဖြစ်နေတဲ့ မျက်လုံးနှစ်ဖက်ကို လက်နဲ့ပွတ်တိုက်ရင်း ခေါင်းမော့လိုက်သည်။
YOU ARE READING
ဆု (Completed )
Fantasy"မင်းကိုချစ်ရတာ ထင်သလောက်လေးတောင်မင်းအတွက်မထိုက်တန်ခဲ့ဘူး"