ကုန်တိုက်တစ်ခုထဲ တွန်းလှည်းတစ်ခုကိုအတူတွန်းရင်း တစ်ပတ်စာ ရိက္ခာအတွက် ဈေးဝယ်ရင်း ရောက်တတ်ရာရာစကားပြောကာ ပတ်နေသည်က
တော်တော်ကြာနေပြီ။
တနင်္ဂနွေနေ့မို့ ကျနော်ရော Honey ပါအားသည်လေ။ ညနေပိုင်းပဲ honey က သူ့သူငယ်ချင်း ဘတ်ခ်ဟွန်းဆီ လေ့ကျင့်ဖို့သွားရမည်။
စကားတပြောပြောနဲ့ ခြင်းထဲ သူရချင်တာမှန်သမျှကောက်ထည့်နေတဲ့ honey ပုံက တစ်ကယ်ကို ဘဝကိုလွယ်လွယ်လေး တွက်ထားပုံပဲ။"Honey ဈေးလည်းသေချာကြည့်ဦး။ "
"ခေါ်ပြန်ပြီ။ လူကြားထဲဆို အဲ့လိုမခေါ်ပါနဲ့ဆို။"
ခြောက်လက်မ မှတ်စုစာအုပ်လေးကို ခြင်းထဲထည့်ရင်း စူပုတ်ပုတ်ကြည့်လာသည့် honey။
သူ့ဆီမှာနေတာ အခုဆိုတစ်လကျော်နေပြီ။
Honey ဆိုတဲ့အသုံးနှုန်းကို သဘောမကျသေးဘူး။" ဒါနဲ့ နေပါအုံး။ ဈေးကြည့်ဆိုတာက ဘာလို့လဲ ချန်ယောလ်။ ဒီဈေးက ဘယ်လောက်ထိ များနေလို့လဲ။"
" ဒါဆို ဒီစာအုပ်ကရော ဘယ်လောက်ထိ ကောင်းနေလို့လဲ honey ။ ဘာမှ ထူးခြားနေတာလဲ
မဟုတ်ဘူး။ အဖုံးမှာ တံဆိပ်ကို ရွှေရောင်နဲ့ကွတ်ထားပြီး ဘောပင်တစ်ချောင်းပဲပါတယ်။ ငါအရင်က အခြေနေဆို မပြောပါဘူး။ အခုက...""ရတယ်...မယူတော့ဘူး။ "
စာအုပ်ကို ပြန်ထားရင်း တစ်ယောက်ထဲ ထွက်သွားတဲ့ ဂျောင်ဆူးကြောင့် သက်ပြင်းသာချမိတော့သည်။
မင်းတစ်ကယ်ကို ကလေးစိတ်မပျောက်သေးဘူး honey။ ချန်ယောလ် ခြင်းထဲက တစ်ချို့သော မလိုအပ်ဘူးထင်တာတွေ ပြန်ထားရင်း ထိုစာအုပ်လေးကိုပြန်ယူလိုက်ရသည်။
စာအုပ်ဈေးနှုန်းကတစ်သောင်း။
လက်ရှိသူ့အိတ်ကပ်ထဲ ငါးသောင်းသာပါသည်။
အိမ်က ထွက်လာထဲက သူဘာမှမယူလာခဲ့ဘူး။
ဖေဖေအရင်က ထည့်ပေးထားတဲ့ ဘဏ်စာအုပ်ထဲက ပိုက်ဆံကိုသာ ပထမဆုံးအရင်းအနှီးပုံစံအနေနဲ့ထုတ်သုံးခဲ့ရတယ်။ နောက်ပိုင်း ထပ်မထုတ်တော့ပဲ သူကိုယ်တိုင်သာ ဖြေရှင်းတယ်။
YOU ARE READING
ဆု (Completed )
Fantasy"မင်းကိုချစ်ရတာ ထင်သလောက်လေးတောင်မင်းအတွက်မထိုက်တန်ခဲ့ဘူး"