"မင်း ကိုယ်နဲ့ပတ်သတ်ပြီး ဘယ်လိုတွေ စဉ်းစားနေခဲ့တာလဲ honey "ဆို့နင့်စွာထွက်သွားသော လည်ချောင်းထဲမှအသံ။
ကျနော့အား သူစိမ်းအကြည့်အတွေနဲ့ ကြည့်နေသော honey ကို ကျနော်အံ့သြစွာပဲ ကြည့်နေမိတယ်။"မင်းကရော ငါနဲ့ပတ်သတ်ပြီး ဘယ်လောက်ထိ တွေးထားလို့လဲ ချန်ယောလ်။"
အေးစက်စက်တုံ့ပြန်ချက်က ရင်ကိုအစိမ်းလိုက်တိုးဝင်လာတဲ့ မြားတစ်စင်းထက်ဆိုးသည်။
သာမန်ပတ်သက်မှုလို သဘောထားနေသူ honey က ကျနော်လုပ်သမျှ အပိုတွေလို့ ထင်နေခဲ့ပုံရတယ်။ ကျနော် ကျလုဆဲမျက်ရည်တွေကို လက်ခုံနဲ့ ဖိသုတ်ပြစ်လိုက်သည်။" ကိုယ့် ဘဝတစ်ခုလုံးနဲ့ရင်းပြီး မင်းကိုမျှော်လင့်ထားတာကွ!!! ပေါ့ပျက်ပျက်စကားတွေနဲ့ လာမပြောနဲ့ honey"
"ငါက မင်းကို ဘဝတစ်ခုလုံးနဲ့ ရင်းပြီးချစ်ပါလို့
ပြောခဲ့လို့လား။ မင်းဘာမင်း ဇွတ်တွေ ဖြစ်နေခဲ့တာ ချန်ယောလ်။ "Honey စကားမှာ ကျနော်တုန်လှုပ်စွာ နောက်ပြန်ဆုတ်မိလိုက်သည်။
" မိဘတွေနဲ့ တွေ့ဆုံရလောက်သည်အထိ မင်းနဲ့ငါ့ရဲ့ဆက်ဆံရေးက အဲ့လောက်ထိ မရောက်သေးဘူး ထင်တယ်။ နောက်ခါ ငါ့ကို အနေကြပ်အောင် ထပ်မလုပ်နဲ့ ချန်ယောလ်။ ငါစိတ်ပျက်တယ်။"
ကျောပိုးအိတ်ကို ကောက်ကိုင်ကာ လှည့်ထွက်ဖို့
ပြင်နေသော ခြေလှမ်းတွေ။ ကျနော် သူ့လက်ကို ဖမ်းဆွဲကာ မျက်နှာချင်းဆိုင်ဖြစ်အောင် လှည့်လိုက်သည်။ ထို့နောက် စိတ်ပျက်နေသလို သူ့မျက်ဝန်းတွေကို စူးစိုက်ကြည့်ကာ..." မင်း ပါးစပ်က အဲ့လိုစကားမျိုးပြောထွက်လာမယ်လို့ တကယ်ကိုမထင်ထားဘူး။
မင်းတကယ် ပြောထွက်ရဲတာပဲ honey။
.
.
.
.
ဟက်...မင်းမို့ အဲ့ဒီစကားမျိုး ပြောရဲတယ်။"ကြောင်အအဖြစ်သွားတဲ့ honey လက်ကို ဖြုတ်ချရင်း ကျနော်လှည့်ထွက်ခဲ့လိုက်သည်။
ဒီညတော့ သူနဲ့အတူရှိနေဖို့လုံးဝမဖြစ်နိုင်တော့ဘူး။
တကယ်ပါပဲ...honey စိတ်ရင်းအမှန်က သိပ်ကိုစိတ်ပျက်ဖို့ကောင်းလွန်းတယ်။
တစ်ချိန်လုံး သူ့အတွက်နဲ့ပဲ လည်ပတ်နေခဲ့တဲ့ ကျနော်ကပဲ အရူးလို။ သူကတော့ အရာရာကို ပေါ့ပျက်ပျက်နဲ့....ကောင်းပါ့ honey ရေ။
မင်းအတွက် အကုန်စွန့်လွှတ်ခဲ့တဲ့ကိုယ့်ကို တစ်ချက်လေးတောင် လှည့်မကြည့်ပေးပဲ သာမန်လို သဘောထားနေခဲ့တဲ့ မင်းကို ဘယ်လို စိတ်နဲ့ဆက်ချစ်ရမလဲတောင် မသေချာတော့ဘူး။
YOU ARE READING
ဆု (Completed )
Fantasía"မင်းကိုချစ်ရတာ ထင်သလောက်လေးတောင်မင်းအတွက်မထိုက်တန်ခဲ့ဘူး"